Flash back
Tayတို့ အထက်တန်း နောက်ဆုံးနှစ်.......
Tayတစ်ယောက် Newအိမ်ပြန်တာကို နောက်ကနေလိုက်ကြည့်ပြီး အပြန်လမ်းမှာ......
Newမေမေက အထုတ်ပလုတ်တေမနိုင်မနင်းသယ်ကာလမ်းလျှောက်ပြီးပြန်လာတာကို Tayကတွေ့တော့ .....
" အန်တီ ရရဲ့လား မနိုင်ရင် သားကူပေးမယ်လေ "
Tayပြောလိုက်တော့ Newမေမေကလဲ ဝမ်းသာအားရနဲ့
" ကျေးဇူးပါပဲ သားရယ် "
2ယောက်သား အထုတ်ကိုယ်စီဆွဲပြီး Newတို့အိမ်ရှေ့ရောက်တော Tayက
" အန်တီ အထုတ်တေ ဒီမှာချခဲ့လိုက်တော့မယ်နော် "
" သား အိမ်ထဲမဝင်တော့ဘူးလား "
" ဟုတ် အန်တီ နောက်ကျနေရင် သားအိမ်က စိတ်ပူနေမှာစိုးလို့ပါ "
" aww ဟုတ်ပါပြီ အိမ်ကောင်းကောင်းပြန်နော် သားလေး "
" ဟုတ် အန်တီ "
Tayလဲ Newမေမေကို နှုတ်ဆက်ပြီး ပြန်လာခဲ့လိုက်တယ် .....
အစကတော့ အထုတ်တေကို အိမ်ထဲထိ လိုက်ပို့ပေးဖို့ပဲ အိမ်ရှေ့ရောက်သွားတော့မှ ဝရံတာက Newကို တွေ့တာကြောင့် ပြန်တော့မယ်လို့ Newမေမေကို ပြောလိုက်တာ.....
တစ်ပတ်လောက်နေတော့ Tayတစ်ယောက် ကျောင်းသွားဖို့ bus ကားမှတ်တိုင်ကို သွားရင်း လမ်းမှာ ကားတစ်စီးက သူ့ဘေးကိုလာရပ်တယ်
Tayလဲ ဘယ်သူဆိုတာ သိချင်တာကြောင့် ရှေ့ဆက်မလျှောက်ဘဲ ရပ်နေလိုက်တယ်......
ခနနေတော့ ကားပေါ်က အမျိုးသမီး တစ်ယောက်ဆင်းလာပြီး
" သားလေး ကျောင်းသွားမို့လား "
" အာ...ဟုတ်အန်တီ "
" အန်တီလိုက်ပို့ပေးမယ်လေ "
" ရပါတယ် အန်တီရဲ့ အားနာစရာကြီး "
" သားကလဲ အားနာစရာမလိုပါဘူး အန်တီလဲ ကျောင်းကို သွားရမှာပဲ လိုက်ခဲ့ပါ "
Newမေမေက အတင်းခေါ်တာကြောင့် Tayလဲ ကားနဲ့ ကျောင်းကိုလိုက်သွားလိုက်တယ်.....
ကျောင်းရှေ့က car parking မှာ ကားရပ်လိုက်တော့ Tayလဲ ကားပေါ်က ဆင်းလိုက်တယ်...