Unicode
Tayတစ်ယောက် ခေါင်းမှာ ဒဏ်ရာကြီးနဲ့မို့ ရှူတင်မသွားဘဲ နားနေရတယ်
သူကသာနားပေမဲ့ သူ့သူငယ်ချင်းဖြစ်သူ မန်နေဂျာကိုတော့ အနားမပေး Newအကြောင်းစုံစမ်းဖို့ မနေ့က သူရောက်ခဲ့တဲ့ ဆေးခန်းကို လွှတ်လိုက်တယ်....
မန်နေဂျာဖြစ်သူက ဆေးခန်းရှေ့ရောက်တော့ ဆေးခန်းကမဖွင့်သေးတာမို့ နာရီကြည့်လိုက်တော့ 10နာရီ ဆေးခန်းဖွင့်ချိန်က 9နာရီလို့ရေးထားပေမဲ့ ဘယ်သူ့အရိပ်အယောင်မှမတွေ့
ပိတ်မဲ့နေ့များ ဖြစ်နေမလားဆိုပြီး ဆိုင်းဘုတ်ကို ကြည့်ပြန်တော့လဲ ပိတ်ရက်က စနေ တနင်္ဂနွေမို့ သူလာတဲ့နေ့နဲ့မမှား ......
သူလဲဆေးခန်းဖွင့်မဲ့အချိန်ကိုစောင့်ဖို့ အနီးနားက ကောက်ဖီဆိုင်ကို သွားလိုက်တယ်........
ကော်ဖီဆိုင်ရှေ့ရောက်တော့ ကောင်လေးတစ်ယောက်က သူ့ကိုဝင်တိုက်ပြီး....
" sorryပါ....... "
ကောင်လေးက သူ့ကို sorryလို့ပြောပြီး အလောတကြီး ထွက်သွားတာမို့ သူလဲဆိုင်ထဲဝင်ပြီးကော်ဖီသောက်ရင်း ဖုန်းကြည့်နေလိုက်တယ်.......
15မိနစ်လောက်နေလို့ ဆေးခန်းကိုလှမ်းကြည့်လိုက်တော့ ဆေးခန်းကဖွင့်နေပြီမို့ ဆေးခန်းဆီလာကာ အထဲဝင်သွားလိုက်တော့......
စာပွဲမှာထိုင်ပြီး ဖုန်းကြည့်နေတဲ့သူကိုတွေ့တော့......
" ဒီမယ်....ဒီမယ်..... "
စာပွဲကကောင်လေးထလာပြီး သူ့ကိုကြည့်ကာ...
" ဘာကိစ္စလဲ "
" မင်း.....မနေ့က ကောင်လေး.....အယ် အစောက ကော်ဖီဆိုင်ရှေ့မှာတိုက်မိတာလဲ မင်းပဲမလား "
" ခများက ကျနော့်ကိုသိလို့လား "
" သိတယ် မနေ့က ဆေးရုံမှာ သူနာပြုမလေးကို ငေါက်နေတဲ့ ကောာင်လေးမလား ကလေးလိုလို ခွေးလိုလိုနဲ့ အကြီးအကြီးမှန်းမသိဘူး "
" aww သိp သိp မနေ့က ကျုပ်ကို ဆရာလုပ်သွားတဲ့တစ်ယောက်ပဲ ပြောပါအုံး အကြီးကိုအကြီးမှန်းမသိတော့ ဘာဖြစ်တုန်း "