" အချစ်ဆိုတာ ဘာလဲ "
" မသိဘူးလေ "
" ဘယ်လိုထင်လဲ "
" ပျော်ရွှင်ခြင်း လို့ထင်တာပဲ ဘာလို့မေးတာလဲ "
" ကိုယ်လဲ မသိလို့ မေးတာ "
" ဘာလဲ အချစ်ကို တွေ့နေပြီလား "
" တွေ့တာတော့ ကြာပါပြီ အချစ်ဆိုတာ ဘာလဲ မသိသေးတာ "
" ဟမ် အချစ်ကို တွေ့ပြီးသားလဲ ပြောသေးတယ် အချစ်ကဘာလဲ မသိသေးတာဆိုတော့ မဟုတ်မှ ရူးနေတာလား "
" ဟား ဟား အဲ့လိုမဟုတ်ပါဘူး သူ့ကိုချစ်နေတာတော့ သေချာတယ် ဒါပေမဲ့ ဘာကြောင့် ချစ်တာလဲ ဆိုတာ ပြောမပြတတ်လို့ "
" သူက ဘယ်လိုပုံစံမို့လဲ "
" သူက ချစ်ဖို့ကောင်းတယ် ပါးချိုင့်လေးတေနဲ့ ရီလိုက်ရင်လဲ အသဲယားစရာကောင်းတယ် စားနေရင် စကားပြောနေရင် ရန်လုပ်နေရင်တောင် အပြစ်ကင်းစင်တဲ့ ကလေးတစ်ယောက်လို ချစ်ဖို့ကောင်းတယ် "
Offက သူ့မျက်နှာကို သေချာစိုက်ကြည့်ပြီး ပြောနေတာကြောင့် Gunတစ်ယောက် ရှက်ကာ မျက်နှာကို တခြားဖက်ကို လှည့်လိုက်ပြီး...
Gun pov ' ဘာလဲ P Offစကားတေက ငါ့ကို ရည်ရွယ်နေတာလား အို မဖြစ်နိုင်တာ သူက ဘာကိစ္စနဲ့ ငါ့ကို အဲ့လိုပြောပါ့မလဲ ကောင်မလေးတစ်ယောက်ယောက်ကို ပြောတာနေမှာပေါ့ '
" အာ အဲ့ကောင်မလေးက အဲ့လောက်ချစ်စရာကောင်းလား "
" ကောင်မလေး မဟုတ်ဖူး ကောင်လေး "
" ဟမ် "
" ဟုတ်တယ် ကိုယ်နဲ့သူက စစချင်းတုန်းက မတည့်ကြဘူး အခုတော့ တော်တော်လေး အဆင်ပြေနေကြပြီ "
" Aww "
" Awwပဲလား သူဘယ်သူလဲဆိုတာ မသိချင်ဘူးလား "
" ပြောပြလေ ဘယ်သူဆိုတာ "
" Doctor လေး "
" အင်း ပြောလေ "
" ကိုယ်ပြောနေတာ Doctorလေးလို့ "
Gun pov ' ချီးရ သူတကယ်ကြီး ငါလို့ပြောလိုက်တာလား '
" ဟမ် P Offပြောတာ ကျနော်လား "
" ဟုတ်တယ် ကိုယ် Doctorလေးကို ချစ်တယ် Doctorလေး ကိုယ့်ကို ပြန်ချစ်ဖို့ စဥ်းစားပေးနိုင်မလား ဟင် "