Gunနဲ့ Off ကားပေါ်ရောက်တော့ Offက
" ဘယ်သွားချင်လဲ Doctorလေး "
" P Off စဥ်းစားထားတဲ့ နေရာ မရှိဘူးလား "
" ဟင့်အင်း "
" ပြောတော့ အဖြေလိုချင်တယ်တဲ့ 2ယောက်တွေ့မဲ့နေရာလေးကျ စဥ်းစားမထားဘူး ဘယ်လိုလူလဲ ဗျာ "
" ကိုယ်က တစ်သက်နဲ့ တစ်ကိုယ် ရီးစားမထားဘူးတော့ အဲ့လိုတေ မသိဘူးဖြစ်သွားတယ် တောင်းပန်ပါတယ် Doctorလေး "
Offက Gunကို မျက်နှာငယ်လေးနဲ့ ကြည့်ကာပြောတော့ Gunက Offကို မျက်စောင်းအကြီးကြီးထိုးပြီး
" ခများက ငတုံးကြီးပဲ "
" အင်း ကိုယ်က အရမ်းတုံးတာမို့ ကိုယ့်ကို တစ်ယောက်ထဲ ပစ်မထားပါနဲ့နော် "
" တစ်နေရာရာ သွားကြရအောင် စားသောက်ဆိုင် ဖြစ်ဖြစ် "
" ကိုယ်သိတဲ့ ဆိုင်တစ်ဆိုင်ရှိတယ် သွားချင်လား "
" သွားကြတာပေါ့ "
Offခေါ်သွားတဲ့ ဆိုင်ကို ရောက်တော့ Gunက သူစားချင်တာတေမှာပြီး Offနဲ့တူတူစားကြတယ်...
Offက စားသောက်ပြီးတော့ သူ့ရှေ့မှာ ပါး2ဖက်ဖောင်းနေအောင် စားနေတဲ့ သူ့ရဲ့ Doctorလေးကို ငေးကြည့်ကာ .....
Off pov ' Doctorလေးက ချစ်ဖို့ကောင်းလိုက်တာ စားနေတာလေးကလဲ အသဲယားစရာကောင်းတယ် '
Gunတစ်ယောက် စားပြီးတော့ သူ့ကို ငေးကြည့်နေတဲ့ Offကို မေးထောက်ကာ ပြန်ကြည့်ရင်း
" P Offက ချောလိုက်တာ "
" ဟမ် "
" ကျနော်ပြောတဲ့အထဲမှာ အမှားပါသွားလို့လား "
" မပါပါဘူး Doctorလေးက ကိုယ့်ကိုချောတယ်လို့ပြောတော့ အံ့သြသွားလို့ "
" ဘာ အံ့သြစရာရှိလဲ ကျနော်မှ မဟုတ်ဖူး တခြားသူတေလဲ P Off ချောတယ်ဆိုတာ သိကြပါတယ် "
" ကိုယ်အံသြတာက Doctorလေး ပြောလို့လေ တခြားသူတေ ဘယ်လောက်ပြောပြော မအံ့သြပါဘူး "" ဘာလို့လဲ "
" ကိုယ်ချစ်တဲ့သူ ဖြစ်နေလို့ "
" ဟုတ်ပါပြီ ဒါနဲ့ ဒီကအစားအစာတေ အကုန်လုံး စားလို့ကောင်းတယ်နော် "
