2ယောက်သား အခန်းထဲက ကုတင်ပေါ်မှာ တစ်ယောက်လက် တစ်ယောက်ကိုင်ကာ မျက်နှာချင်းဆိုင်ထိုင်ကြပြီး
" ကိုယ် အမှန်တိုင်းပြောလိုက်လို့ရလား New "
" မပြောပါနဲ့ ကျနော့်ကြောင့် P Tayထိခိုက်မှာ မလိုလားဘူး "
" Newကြောင့် ကိုယ့်မှာ ဘာထိခိုက်စရာကိစ္စမှ မရှိဘူး ပြီးတော့ ကိုယ်အမှန်တိုင်းပြောချင်တယ်ဆိုတာကလဲ ကိုယ် Newနဲ့ တိတ်တိတ်လေး မတွဲချင်လို့ "
" P Tayက အဲ့လိုသာ အမှန်တိုင်း ပြောလိုက်ရင် အဆင်ပြေပါ့မလား "
" ပြေတယ် အရမ်း "
" ကျနော်မပြေလောက်ဖူး "
" ဘာလို့လဲ "
" ဘာလို့လဲဆိုတာ P Tay သိပါတယ် "
" ကိုယ် အနုပညာအလုပ်ကို ဆက်မလုပ်တော့ရင် New တွက် အဆင်ပြေနိုင်လား "
" P Tay "
" Newအတွက်သာဆိုရင် ကိုယ်အရာအားလုံးကို စွန့်လွှတ်နိုင်တယ် "
" P Tayက တစ်ကိုယ်ကောင်းဆန်လိုက်တာ "
" အဲ့လိုဖြစ်သွားလား "
" အင်း ဖြစ်တာပေါ့ P Tayသာ အနုပညာအလုပ်ကို ဆက်မလုပ်တော့ရင် P Tay fanတေ ဘယ်လိုလုပ်မလဲ သူတို့က P Tayကို တော်တော်ချစ်ကြတယ်နော် "
" ကိုယ်သိပါတယ် ဒါပေမဲ့ ကိုယ်Newကို ချစ်တယ် Newကော ကိုယ့်ကို မချစ်ဖူးလား "
" အိုးးးဟို ကျနော်တို့ ပြောနေတဲ့ ကိစ္စမှာ အဲ့တာမပါဘူးနော် "
" ကိုယ်ကိုပြောပါအုံး New ကိုယ့်ကို ချစ်ရဲ့လားဆိုတာ "
" P Tay နော် သိရဲ့သားနဲ့ "
" ကိုယ်သိပေမဲ့ Newပြောတာလေး ကြားချင်တာကို ပြောပါအုံး "
" ချစ်တယ် ချစ်တယ် အရမ်းချစ်တယ် သိpလား "
" အင်း ကိုယ်လဲ အရမ်းချစ်တယ် "
" ကျနော့်ကို ချစ်ရင် ဟိုကိစ္စကို ငြင်းရမယ်နော် "
" New မပြောစေချင်ဘူးဆိုတာ သေချာလား "
" အင်း "
" ဒါဆို ကိုယ်တို့ကိစ္စကို ဘယ်အချိန်ပြောမှာလဲ "
" တစ်ချိန်ချိန်ပေါ့ သွားရအောင် "
![](https://img.wattpad.com/cover/261478520-288-k180637.jpg)