" ဒါ ဘာဖြစ်နေကြတာလဲ မြင်လို့မကောင်းဘူး "
" ဟမ် Tay "
" အကို "
Tayတို့ ချင်းမိုင်မှာ ဘုရားဖူးပြီး နောက်တစ်ရက်မှာ Tayနဲ့Offလဲ အလုပ်တေ ပြီးသွားပြီမို့ Newတို့နဲ့ တူတူ ဘန်ကောက်ကို ပြန်လာခဲ့ကြတယ်......
ဘန်ကောက်ရောက်တော့ Tayက Singဆီသွားပြီး သူပြန်ရောက်ပြီဆိုတာ သွားပြောမို့ကို Newနဲ့ Gunကလဲ လိုက်ချင်တယ်ဆိုတာကြောင့် Offကို Singအိမ်လိုက်ပို့ခိုင်းလိုက်တာ.......
Condoရှေ့ရောက်တော့မှ Gunကို သူ့Daddyက ဖုန်းဆက်ခေါ်တာကြောင့် Tayနဲ့NewပဲSingCondoဆီလာပြီး Offကတော့ Gunကို အိမ်ပြန်လိုက်ပို့ပေးတယ်.....
Tayက Singအခန်းရဲ့ Password ကို သိလို့ တံခါးဖွင့်ပြီး ဝင်လာလိုက်တော့ သူတို့တွေ့လိုက်ရတာက
Singက Kristပေါင်ပေါ်မှာထိုင်ပြီး Krist လည်ပင်းကို သိုင်းဖက်ကာ Krist ပါးတေကို တရှူံ့ရှူံ့နမ်းနေတာကြောင့် အော်လိုက်ခြင်းပင်....
Tayက အရမ်းအံ့သြလွန်းလို့ အော်လိုက်ပေမဲ့ Newကတော့ Singတို့ကို ကြည့်ပြီး တပြုံးပြုံးနဲ့ရယ်......
( Newကလဲ ကျမ အဲ့လိုလေးနမ်းတာ ခံချင်လို့ထင်တယ်😁)Singတစ်ယောက် Tayနဲ့ Newကိုလဲ မြင်ရော Kristပေါင်ပေါ်က ပြေးဆင်းလာကာ Newဆီကို လျှောက်လာပြီး
" New ထင်သလို မဟုတ်ဖူးနော် ကိုယ်နဲ့ Kristက....."
" အပိုတေ ပြောမနေနဲ့တော့ Sing "
" ဘာလို့......"
" မင်းတို့ ဘာလုပ်နေလဲဆိုတာ ငါနဲ့Newက ရှင်းရှင်းလင်းလင်းကြီးမြင်တယ် ဟုတ်တယ်မလား New "
" ဟုတ်တယ်လေ P Singရဲ့ မငြင်းပါနဲ့......"
" ဒါနဲ့ New ဘာမှမခံစားရဘူးလား "
" ဟမ် ဘာကို ခံစားရမှာလဲ P Tayရဲ့ ကျနော်က ပျော်တောင်ပျော်သေးတယ် "
" ဘာလို့ပျော်တာလဲ "
" ဟီး P Singကောင်လေးက Kristဖြစ်နေလို့လေ "
" အင်း........."
" Congratulations ပါနော် Krist ကျနော့်ရဲ့ အကိုလိုချစ်ရတဲ့ P Singကို ဂရုစိုက်ပေးပါအုံး "
![](https://img.wattpad.com/cover/261478520-288-k180637.jpg)