" ကိုကို "
" ဗျ "
" ညကျရင် ကိုကို့အိမ်ကို လာအိပ်မှာနော် "
" အင်း Kristသဘော "
" အိုက်ယား ကိုကိုက ချစ်ဖို့အကောင်းဆုံးပဲ "
" အင်း အလုပ်ကိုလဲ သေချာ ဂရုစိုက်လုပ်အုံးနော် "
" လုပ်ပါတယ် ကိုကိုရဲ့ "
" ဘာ လုပ်တာလဲ Krist ကိုကို့ကိုပဲ အချိန်ပြည့် ဖုန်းတေ ခေါ်နေပြီးတော့ "
" ဟီး ကိုကိုကလဲ ကျနော်က လွမ်းလို့ကို"
" မင်း လွမ်းတာကလဲ ဖုန်းချပြီး 5မိနစ်တစ်ခါခေါ်နေတာလေ "
" အဲ့တာက ချစ်လို့ ကိုကို့အသံလေးကြားချင်လို့ "
" ဟုတ်ပါပြီ ဒီတစ်ခါပြောပြီးရင် အလုပ်ကို သေချာလုပ်တော့နော် ဖုန်းထပ်မခေါ်နဲ့တော့ "
" ဘာလို့လဲ ကိုကိုရဲ့ ကျနော်က ခေါ်ချင်တာကို "
" ခနနေပဲ တွေ့ရတော့မှာလေကွာ မခေါ်နဲ့တော့နော် "
" ဟုတ်ပါပြီ ကိုကိုမခေါ်နဲ့ဆို ကျနော်မခေါ်တော့ပါဘူး "
" အင်း "
" ဒါနဲ့ကိုကို "
" ပြော "
" အာဘွားပေးအုံး "
" အာဘွား အာဘွား "
" ချစ်တယ်ကိုကို ကျနော်ဖုန်းချလိုက်တော့မယ် "
" အင်း Bye ကိုကိုလဲ ချစ်တယ် "
Kristတစ်ယောက် မနက်ထဲက ကုမ္မဏီကိုရောက်ပါပြီဆိုတာနဲ့ သူ့ကိုကိုဆီကို ဖုန်းတေ 5မိနစ် တစ်ခါခေါ်နေတာ.......
နေ့လည်စာစားတော့လဲ သူ့ကိုကိုရဲ့ condoမှာ သွားစားတာကို ပြန်လာထဲက 5မိနစ် တစ်ခါ ဖုန်းခေါ်နေတာ......
သူခမျာ ကိုကိုနဲ့ဖုန်းပြောနေရလို့ အလုပ်တောင် ကောင်းကောင်း မလုပ်နိုင်ရှာဘူးရယ်..........
Tayတို့ အလုပ်ကိစ္စပြောပြီးတော့
" ရက်လဲ ချိန်ပြီးပြီဆိုတော့ အဲ့နေ့ကျမှ တွေ့ကြမယ်နော် သား Tay "
" အာ ဟုတ်ကဲ့ အန်တီ "
" ဒါဆို အန်တီတို့ ပြန်လိုက်အုံးမယ်နော် "