Final Part

238 24 26
                                    

Newတစ်ယောက် အိပ်ယာနိုးတော့ သူ့ကိုဖက်ထားတဲ့ Tay ရင်ခွင်ထဲက ထွက်ကာ နဖူးလေးကို အနမ်းပေးလိုက်ပြီး ခြေထောက်နာနာနဲ့ ရေချိုးခန်းထဲကို ဝင်သွားလိုက်တယ်......

ညကသူတို့ 2ယောက် ညစာတူတူ စားပြီး Tayက သူ့ခြေထောက်ကို ဆေးလိမ်းပေးတယ် ပြီးတော့ Gunကို အကျိုးအကြောင်း ဖုန်းဆက်ပြောပြီး ကုတင်ပေါ်မှာ တူတူဖက်အိပ်ကြတယ်.....
( ဖက်ပဲ အိပ်တာပါ)

Newရေချိုးအဝတ်အစားလဲပြီး ထွက်လာတော့ Tayက မနိုးသေးတာကြောင့် မနက်စာဝယ်ဖို့ ဆိုင်တစ်ဆိုင်ကို ထွက်လာခဲ့လိုက်တယ်.....

စားစရာတေဝယ်လာပြီး စားပွဲပေါ်တင်ကာ ပြင်ဆင်နေတုန်း .....

" ကိုယ့်ရဲ့အသဲလေး ဘယ်သွားနေတာတုန်း ကိုယ် အိပ်ယာနိုးတော့ အသဲလေးကို မတွေ့လို့ အရမ်းစိတ်ပူနေတာ "

Tayက Newကို နောက်ကနေ ခါးကို သိုင်းဖက်ပြီး ပခုံးပေါ်မေးတင်ကာ ချွဲပြီးပြောတော့

" P Tay တွက် မနက်စာ သွားဝယ်ပေးနေတာ "

" ကိုယ်က ဝယ်ထားတာ မစားချင်ဘူး အသဲလေး ချက်တာကိုပဲ စားချင်တာ "

" ကျနော်လဲ P Tayတွက် မနက်စာ စွတ်ပြုတ်လေး လုပ်ပေးမို့ပါပဲ ဒါပေမဲ့ P Tay ရဲ့ ရေခဲသေတ္တာထဲမှာ ချက်လို့ရမဲ့ဟာ ဘာမှ မရှိဘူးလေ "

" ဟီး ဟုတ်သားပဲ ကိုယ်ဝယ်ထားတာ ဘာမှမရှိဘူး "

Tayက Newကျောပြင်ကို ခေါင်းဝှေ့ကာ ပြောတော့

" P Tay အဲ့လိုကြီး မလုပ်နဲ့ ယားတယ် ဖယ်ပေး "

" မဖယ်ပါဘူး ကိုယ်ဒီလို လုပ်ရတာ သဘောကျတယ် "

" ဟား ဖယ်ပါ P Tayရယ် မနက်စာစားရအောင် ကျနော် duty ရှိလို့ ဆေးရုံသွားရအုံးမှာ "

Tayက Newကျောပြင်ကနေ ခေါင်းဖယ်ပြီး Newကို သူ့ဘက်လှည့်စေကာ ရင်ခွင်ထဲ ဆွဲထည့်လိုက်ပြီး

" Newက ရက်စက်တဲ့ လူသားပဲနော် ဆေးရုံက လူနာတေကျ ဂရုစိုက်ပေးပြီး ကိုယ့်ကိုကျ ဂရုမစိုက်ဖူး "

" ဒါကတော့ ကျနော့်တာဝန်ပဲလေ "

" ဘာ တာဝန်လဲ "

" P Tayကလဲကွာ "

" ကိုယ်လေ Newရဲ့ လူနာ လုပ်ချင်တယ် သိလား "

Definition of love💙💚❤ ( Completed) Where stories live. Discover now