Gunတစ်ယောက် ဆေးခန်းဖွင့်ရက်မို့ အစောထပြီး ဆေးခန်းထိုင်ရတယ်.........
Gunက ဆေးခန်းထိုင်ရင်း အိပ်ငိုက်နေတာကြောင့်
" Doctorလေး Doctorလေး "
" အာ P Offပဲ အဲ့မှာ ဘာလုပ်နေတာလဲ "
" ဒီကို Doctorလေး လာမယ်ဆိုတာ သိလို့ စောင့်နေတာ "
" ဘာလို့လဲ ကျနော်နဲ့ ပြောစရာစကားရှိလို့လား "
" ပြောစရာစကားဆိုတာထက် တိုင်ပင်စရာလေး ရှိလို့ "
" aww ပြောလေ "
" ကျနော်လေ အခုတလော တစ်ယောက်ယောက်ကို သတိရနေသလိုမျိုး ဖြစ်နေတယ် "
" အင်း "
" ကျနော်လေ သူ့ကို တစ်ခါမှ အိပ်မက်တောင် မက်ဖူးတာ မဟုတ်ဖူး "
" အင်း "
" ကျနော် ဘာလို့သူ့ကို သတိရနေတာလဲ ဟင် "
" P Offနဲ့သူနဲ့က နေ့တိုင်းလိုလို တွေ့ဖြစ်ကြလား ဒါမှမဟုတ် ပတ်သက်ဆက်နွယ်မှု တစ်ခုခု ရှိကြလား "
" အဲ့လိုတော့ မရှိဘူး Doctorလေးရဲ့ ဒါပေမဲ့ သူ့နဲ့တစ်ခါတွေ့ပြီးရင် နောက်လဲထပ်တွေ့ချင်တာမျိုး "
". ...... "
" မျက်စိအောက်က အပျောက်မခံချင်တာမျိုး မတွေ့ရတဲ့ ရက်တေဆို သူ့ကို တမ်းတပြီး လွမ်းနေရတာမျိုး ပြီးတော့........"
" ရပြီ အဲ့လောက်ဆို P Off ပြသနာကဘာလဲဆိုတာ ကျနော်သိလိုက်ပြီ "
" ဘာလဲဟင် Doctor လေး "
" ကျနော်ထင်တာ P Offက သူ့ကိုစွဲလမ်းပြီး သူ့ကို ကြိုက်နေတာဖြစ်မယ် "
" အဲ့လို မဖြစ်နိုင်ဘူး ထင်တယ် Doctorလေးရဲ့ "
" ဘာလို့ မဖြစ်နိုင်ရမှာလဲ "
" သူနဲ့ကျနော်နဲ့က အရမ်းတည့်ကျတဲ့ သူတေမဟုတ်ဖူး "
" ........ "
" သူနဲ့စစတွေ့ချင်းတုန်းကဆို တော်တော်လေးကို မတည့်ကျတာ ခုနောက်ပိုင်းမှ နဲနဲ အဆင်ပြေသွားတာ "
" မတည့်ကျတဲ့ လူတေက နဲနဲလောက်တော့ အဆင်ပြေသွားကြတယ်ဆိုရင် နောက်ပိုင်းမှာ သံယောဇဥ်တေဖြစ်ပြီး ချစ်လာကြတာလဲ ဖြစ်နိုင်တာပဲလေ "
![](https://img.wattpad.com/cover/261478520-288-k180637.jpg)