" New..... New "
Newတစ်ယောက် လူနာခန်းတွေထဲမှာ check in ဝင်နေတုန်း Gunက သူ့နာမည်ခေါ်ပြီး အပြေးလေးလာနေတာမို့ မကြားချင်ယောင်ဆောင်ပြီး လူနာပဲ ဆက်ကြည့်နေလိုက်တယ်.....
Gunကတော့ သူသတင်းကောင်းယူလာတာကို မသိချင်ယောင်ဆောင်ပြီး ဟိုဘက်လှည့်သွားတာကြောင့် နှုတ်ခမ်းစူကာ Newနားကို သွားလိုက်တယ်.....
မသွားလို့လဲ မရဘူး Newက သူ့ကိုအရေးမလုပ်ပေမဲ့ အခုသူပြောမဲ့ကိစ္စက အရေးကြီးတယ်မလား......
Newက လူနာကို စစ်ဆေးပြီး လိုအပ်တာတွေမှာနေတုန်း Gunက Newကျောပြင်ကို ' ဖြောင်း ' ခနဲနေအောင် စိတ်ဆိုးဆိုးနဲ့ ရိုက်ချပစ်ကာ.....
" New လို့ ငါခေါ်တာ မကြားဖူးလား "
" ဒီလောက် အသံပြဲနဲ့ခေါ်နေတာကို ဘယ်သူက မကြားဘဲရှိမှာလဲ မင်းအသံပြဲလွန်းလို့ ငါ့လူနာတွေပါ လန့်ကုန်ပြီ "
" လူနာတွေ လန့်တာက နောက်မှ အရင်ဆုံးလန့်ရမှာက မင်းပဲ "
" ဘာ ကိစ္စငါက လန့်ရမှာလဲ မင်းပြောတဲ့စကားတိုင်း ငါလန့်တယ်ဆိုတာမျိုး မရှိဖူးဖူးနော် Gun "
" အဟက် လန့်လား မလန့်လား ငါပြောတာကို နားထောင်ကြည့်လိုက် "
" ပြောကြည့်လေ "
" ဆေးရုံရှေ့က reception မှာ P Tay ရောက်နေတယ် "
" အဟက်.... ဘယ်မှာတုန်း မင်းပြောတဲ့ လန့်.... အဲလေ..... ကိုကိုရောက်နေတာလား "
Newတစ်ယောက် Gunပြောတဲ့စကားကို သေချာနားမထောင်ဘဲ မလန့်ဘူးဆိုတဲ့ပုံစံလုပ်မို့ရှိသေး P Tayဆိုတာကြောင့် တကယ်ကို လန့်သွားတယ်....
Tayနဲ့သူနဲ့က အပြင်မှာ တွေ့လို့မရဘူး ဟိုတလောက Tayတို့ကုမ္မဏီCeoဂျပုက Tayမှာ ရီးစားရှိတာသိသွားလို့ သတင်းမထွက်အောင် အတတ်နိုင်ဆုံး အပြင်မှာ မတွေ့ဖို့ ပြောထားတယ်......
Tay အခုရိုက်နေတဲ့ ရုပ်ရှင်ကားက ကမ္ဘာ့အဆင့်မှီမို့ Tayကို ဘာအကြောင်းနဲ့မှ အထိခိုက်ခံလို့ မဖြစ်သလို သတင်းအမှားလဲ အထွက်ခံလို့ မဖြစ်ဖူး.....
Newလဲ လက်ထဲက စစ်ဆေးနေတဲ့ စာရွက်စာတန်းတွေကို Gunလက်ထဲထိုးထည့်ကာ receptionမှာရှိတဲ့ Tayဆီကို ပြေးထွက်လာခဲ့လိုက်တယ်........