Unicode
Newတစ်ယောက် အိပ်ရာကနိုးလို့ ဘေးကိုကြည့်လိုက်တော့ ကြမ်းပြင်ပေါ်ရောက်နေတယ်......
ညကအိပ်တော့ ကုတင်ပေါ်မှာအိပ်တာမို့ အအိပ်ကြမ်းလို့လားလို့ တွေးမိပြီး မတ်တပ်ထရပ်လိုက်တော့ ကျောပြင်တစ်ခုလုံးက နာနေပြန်တယ်....
နာလို့ ရှူံ့မဲ့နေတဲ့ရုပ်နဲ့ ကုတင်ပေါ်ကြည့်လိုက်တော့ ကုတင်ပေါ်မှာ ပိုးလိုးပက်လက်အိပ်နေတဲ့ Gun..........
အပေါ်ပိုင်းအကျီကိုချွတ်ထားပြီး အောက်ပိုင်းက Boxerတစ်ထည်ထဲနဲ့......
ဒီလောက်ဆို Newသိလိုက်ပြီ Gunကသူ့ကို ကန်ချလို့ အောက်ကိုရောက်လာရတဲ့အကြောင်း.......
Newလဲ အိပ်နေတဲ့ Gunကို မကျေမနပ်ကြည့်ပြီး ရေချိုးခန်းထဲဝင်သွားလိုက်တယ်.......
သူပြန်ထွက်လာတော့ Gunကအိပ်နေရင်း ယောင်နေတယ်.......
' အကျင့်မကောင်းတဲ့လူ ကောင်မလေးတေနဲ့ကျ ပြုံးပျော်နေပြီး ငါ့ကျ ရန်လုပ်တယ် '
' အစုတ်ပလုတ်ကြီး....... '
' သာသနာဖျက်ကြီး.......'
' ဘယ်တော့မှ မိန်းမ မရပါစေနဲ့......'
New pov ' ဘယ်သူက ဘာလုပ်လိုက်လဲ မသိပါဘူး နားတေကို ငြီးနေတာပဲ '
Newလဲ Gunကို နှိုးမနေတော့ဘဲ အောက်ထပ်ကထမင်းစားခန်းကိုသာ ဆင်းလာခဲ့တော့တယ် ..........
" ဟော လာပါပြီ ဖေဖေ့သားလေး "
" ဖေဖေက သားကိုလွမ်းနေတာလား "
Newလဲ သူ့ဖေဖေဆီသွားဖက်လိုက်တယ် သူ့မေမေကတော့ သားဖ2ယောက်ကို ကြည့်ပြီး မျက်စောင်းထိုးကာ
" အမလေး ပိုကို ပိုတယ်နော် ဒီသားဖတေလဲ ပြောကိုမပြောချင်ဘူး "
" ငါ့သားလေးကလွဲပြီး မင်းလိုချစ်ရမဲ့သူမရှိဘူးလေ "
" ကျမကကော သားအပြင် ဘယ်သူ့ကိုချစ်နေလို့လဲ "
" သားထက်ကို ပိုချစ်တဲ့သူရှိပါတယ် နာမည်တောင် ဘယ်သူပါလိမ့်..... Tay ဘာဆိုလား "
" Tay Vihokratanaပါ ရှင်ကလဲ "
" မြင်လား မြင်လား မင်းမေမေ မျိုးရိုးနာမည်ကအစ သိတယ် တကယ်မနိုင်ဘူး "