Unicode
Newတို့ 2ယောက် Night Dutyဝင်ရတာကြောင့် condoပြန်ရောက်ထဲက အိပ်နေကြတယ်.....
Newအိပ်ရာနိုးလာလို့ နာရီကြည့်လိုက်တော့ 12နာရီထိုးနေပြီ........
ညက သူ့ဆီကိုဖုန်းခေါ်တော့ အရေးပေါ်လူနာရှိလို့ ချလိုက်တာကို သတိရပြီး ကောက်ကာ ငင်ကာ ဖုန်းခေါ်လိုက်တော့ ဖုန်းကဝင်ပေမဲ့ မကိုင်ဘူး....
နောက်ထပ် 2ခါလောက်ထပ်ခေါ်ကြည့်တော့လဲ ဖုန်းမကိုင်တာမို့ ဖုန်းကိုချပြီး ရေဝင်ချိုးလိုက်တယ်.........
Newရေချိုးပြီး ထွက်လာတော့ အောက်ပိုင်းတဘက်တစ်ထည်နဲ့ ဆံပင်တေကို ရေပြောင်အောင်ခါနေပုံက အရမ်းကို ဆွဲဆောင်မှုရှိလွန်းတာမို့ Gunတစ်ယောက် အိပ်ယာထဲကနေ မျက်လုံးအပြူးသားလေး ငေးနေတယ်......
ဒါကို Newကမြင်တော့
" ဟိတ်ကောင် ငါ့ကို ဘယ်လိုကြီးကြည့်နေတာလဲ "
" ဟီး သဘောကျလို့ကြည့်တာပါ "
" သွား ရေသွားချိုးတော့ နောက်ကျနေမယ် "
" အင်း သွားချိုးမယ် "
Gunက အင်းပြောပြီး ရေချိုးခန်းကို မသွားသေးဘဲ Newကိုပဲ ကြည့်နေသေးတာမို့....
" Gun ဘာကြည့်နေတာလဲ သွားလေ "
" အင်း ငါသွားချင်ပေမဲ့ မင်းဆီကနေ အကြည့်မလွှဲနိုင်ဖြစ်နေလို့ "
" ဘာလဲ မင်းကငါ့ကို ကြိုက်နေတာလား "
" အောင်မာ ကြိုက်စရာလား........ အခုမင်းကိုကြည့်တယ်ဆိုတာကလဲ အားကျလို့ကြည့်တာ "
" မသိပါဘူး ငါများကြိတ်ကြွေနေတာလားလို့ "
" F**kပဲ ခွေးကောင် ငါကမိန်းမယူမှာ မင်းလိုယောကျာ်းယူမှာ မဟုတ်ဖူး "
" အေး အေး ကြည့်ရသေးတာပေါ့ "
" အပိုတေ မပြောနဲ့ ငါရေသွားချိုးလိုက်အုံးမယ် မနက်စာ ပြင်ထား "
" မင်းအမေကြီး မနက်စာလား နာရီလဲကြည့်အုံး "
" ဟီး ဟုတ်သားပဲ နေ့လည်စာပြင်ထားပြောတာ "
" Noပါ မပြင်နိုင်ဘူး "
" ဘာလို့လဲ...."
" ဟင်းချက်စရာ ဘာမှမရှိဘူး ညနေပြန်လာမှဝယ်ရမှာ "