မနက် 8နာရီ ဧည့်ခန်းထဲမှာ ထိုင်နေကြတဲ့ လူ 4ယောက်..........
" ကျနော့်မှာ ချစ်သူရှိနေပြီ "
" ဟုတ်လား ဘယ်က ကောင်မလေးလဲ အဖေတို့နဲ့ အသိတေလား "
" အသိတော့ အသိပဲ ဒါပေမဲ့ ကောင်မလေး မဟုတ်ဖူး "
" ကောင်မလေး မဟုတ်ဖူးဆိုတာက ဘာကို ပြောချင်တာလဲ သားငယ် "
" ကျနော့်ချစ်သူက ကောင်လေးလို့ ပြောတာ "
" မင်းကို ငါဘာပြောထားလဲ "
" သားသိပါတယ် အဖေ "
" သိရင် ဘာလို့ ကောင်လေးကိုမှ ရွေးကြိုက်ရတာလဲ ကွာ "
" အဲ့တာက ကျနော့်နှလုံးသားက ဖြစ်ပေါ်လာတဲ့ အချစ်ပါ သူ့ကို ယောကျာ်းလေး ဖြစ်နေလို့ ချစ်သွားတာ မဟုတ်ဖူး သူမလို့ ချစ်သွားတာ "
" သူက ဘယ်သူပဲ ဖြစ်နေဖြစ်နေ မင်းသူ့ကို ဘယ်လောက်ပဲ ချစ်နေချစ်နေ ခုက စပြီး လမ်းခွဲလိုက်တော့ "
" အဖေ အကို့အပေါ် နားလည်ပေးသလို ကျနော့်အပေါ်ကိုလဲ နားလည်ပေးလို့မရဘူးလား "
" မရဘူး သားငယ် အဖေ့မှာ သား2ယောက်ပဲ ရှိတာမို့ အဖေ့ကိုလဲ သားငယ် နားလည်ပေးနိုင်ရင်ကောင်းမယ်.... "
" အဖေလက်ခံလာအောင် ကျနော် ဘယ်လိုပြောပြရမလဲ မသိတော့ဘူး "
" ............ "
" ကျနော် 1ပတ်လောက် အပြင်မှာ သွားနေပြီး ဘယ်လိုဆုံးဖြတ်ရမလဲဆိုတာ စဥ်းစားလိုက်ပါအုံးမယ် "
Kristပြောပြီး ထသွားတော့ Kristမေမေကလဲ မျက်ရည်အဝိုင်းသားနဲ့ သူ့အခန်းထဲဝင်သွားတယ်
ဧည့်ခန်းထဲမှာ ကျန်နေခဲ့လူ2ယောက်ကတော့ အတွေးကိုယ်စီနဲ့ အသံတိတ်နေကြတယ်......
ခနကြာတော့.......
" သားကြီး မင်းဘယ်လို သဘောရလဲ "
" ကျနော့်အထင် ညီလေးစိတ်ချမ်းသာအောင် အဖေလက်ခံပေးသင့်တယ်လို့ ထင်တယ် "
" မင်းကော ခုချိန်ထိ ဟိုကောင်လေးကို ချစ်နေတုန်းပဲလား "
" ချစ်နေတုန်းပဲဆိုတာထက် သူနဲ့ကျနော် ချစ်သူတေ ဖြစ်နေကြပြီ "