Unicode
Tayတို့ ချင်းမိုင်ရောက်တော့ Hotel တစ်ခုမှာတည်းကြပြီး Tayက အခန်းထဲရောက်တာနဲ့ ခြေပစ်လက်ပစ် အိပ်နေပြန်တယ်......
Offလဲ သူအဆင်မပြေလို့နေမှာပါဆိုပြီး Tayကိုနှိုးမနေတော့ဘဲ ရေဝင်ချိုးလိုက်တယ်.......
Offရေချိုးပြီးထွက်လာတော့ Tayက သူ့ဖုန်းကိုကြည့်ပြီး ငိုင်ငိုင်ကြီးလုပ်နေပြန်တယ်....
Off pov ' ဒီကောင် ဘာတေဖြစ်နေမှန်းကိုမသိဘူး ကိုယ်ချစ်ရတဲ့သူနဲ့ နီးစပ်ခွင့်ရမှာတောင် မပျော်နိုင်ဘူးဖြစ်နေတာ '
" Tay ရေသွားချိုးတော့ ညနေကျရင် KFCနဲ့ liveလွှင့်ဖို့ရှိတယ် "
Offပြောတာကို Tayက အွန်း မလုပ် အဲ မလုပ်နဲ့ ခနေတော့မှ ငိုသံလေးနဲ့
" Off ငါ Newကို ဖုန်းခေါ်သင့်လား ဟင် "
" အင်း မင်းစိတ်ပါရင် ခေါ်လိုက်လေ ဒါပေမဲ့ရေအရင်ချိုးလိုက်အုံး Newနဲ့စကားပြောတဲ့အခါ လန်းဆန်းနေအောင် "
" အင်း "
Tayလဲ Offပြောတဲ့အတိုင်းရေဝင်ချိုးလိုက်တယ် ရေချိုးအဝတ်အစားလဲကာ ပြင်ဆင်ပြီးတော့ Offက
" ထမင်း အရင်သွားစားရအောင် "
" Newကို ဖုန်းခေါ်မယ်လေ ".
" စားပြီးမှ ခေါ်လဲရပါတယ် "
2ယောက်သား စားသောက်ပြီး အခန်းထဲပြန်ရောက်တော့ Tayကချက်ချင်း Newကိုဖုန်းခေါ်လိုက်တယ်.....
ဖုန်းကဝင်သွားပေမဲ့ မကိုင်ပဲချပစ်တာမို့
" Offရေ Newကဖုန်းလဲ မကိုင်ဘူး "
" ညမှ ခေါ်ပါ့လား "
" ဘာလို့လဲ "
" ခုပဲ 3နာရီထိုးနေပြီလေ liveက 3ခွဲကို "
" အဲ့တာမင်းကြောင့် စားနေတာပြီးကိုမပြီးနိုင်ဘူး ဘယ်ဘဝထဲက ငတ်ပြတ်လာလဲ မသိပါဘူး "
Newတစ်ယောက် Gunနဲ့ရုံးခန်းထဲမှာ လူနာစာရင်းတေ စစ်နေတုန်း ဖုန်းလာတာမို့ ကြည့်လိုက်တော့ မနေ့ညက ဖုန်း no ဖြစ်နေတယ်......
ဖုန်းnoကြည့်ပြီး စိတ်ဆိုးနေတာမို့ ချပစ်လိုက်တယ် ' ဟုတ်သားပဲ သူ 3ခါလောက်ခေါ်တော့ မကိုင်ပဲနဲ့ ခုမှလာခေါ်တော့ ချပစ်မှာပေါ့ '
![](https://img.wattpad.com/cover/261478520-288-k180637.jpg)