2.Unicode

1.2K 71 2
                                    

မရနိုင်တာကိုပိုပြီးမက်မောတဲ့အခါ ဆုံးရှုံးမှာက ပိုများတယ်။

မရမှန်းလည်းသိတယ် ။ ပိုပြီး လိုအပ်တယ်ထင်လာတဲ့အခါ ပိုနာကျင်မိတယ်။
နာကျင်လွန်းလို့ ရန်သူကိုပါ ချစ်မိတယ်ဆိုတာလည်း  ဖြစ်ကောင်းဖြစ်နိုင်ပါ့ရဲ့။
အချစ်တဲ့ သိပ် အတ္တဆန်တာပဲ။ သိပ်ပြီး လည်း မနာလိုစရာကောင်းတယ်။

ကျွန်တော် ခင်ဗျားကို သိပ်မုန်းတယ်။ လွန်းဆက်ပိုင်

'' ချယ်ရီ ငါနင့်ကို ကြိုက်နေတာ ကြာပြီ အဖြေ ပေးပါတော့ ''

'' နင် ဟာကလည်း အကြွေးတောင်းနေတာကြနေတာပဲ ''

''ငါ့ကိုဖြေ နင်ငါ့ကို ချစ်နိုင်လား ''

'' မချစ်နိုင်ဘူး ။ ပြီးတော့ ငါနင့်ကို မှမကြိုက်တာ ။ ''

'' ဒါပေမဲ့ ငါနင့်ကို ကြိုက်တယ် ။ နင် ပြန်ကြိုက်ရမယ်လေ ငါ့ကို ''

'' မကြိုက်ဘူး ။ ချစ်လည်းမချစ်နိုင်ဘူး ''

ဒီပါ တစ်ယောက် လိုချင်တာ မရတဲ့ခါ သိပ် အတ္တဆန်လာတယ်။
ချယ်ရီ လက်ကို အတင်းဆွဲပြီး ချစ်ရေးဆိုတယ်။
ချစ်ရေးဆိုတယ် ဆိုတဲ့ စကားက မှပိုကြည့်ကောင်းသေးတယ်မလား။
တကယ်တော့ သူက ချစ်ရေးဆိုတာမဟုတ်ခဲ့ဘူး ။ အချစ်ကို ဓားပြတိုက်နေခဲ့တာ။

'' လက်ကိုလွှတ်လိုက်နော် ဒီပါ ''

'' မလွှတ်နိုင်ဘူး "


'' လွှတ်လိုက်လို့ ငါပြောနေတယ်လေ ''


''လွှတ်စေချင်ရင် ငါ့ကို အဖြေပေးလေ ''


'' နင်ရူးနေလား ဒီပါ လွယ်လွယ်ရ မယ်ထင်လို့ လုပ်နေတာလား။ ''


'' ငါနင့်ကို ပြန်ချစ်ခိုင်းရုံပဲ ။ ဒါလေးတောင်နင်မတတ်နိုင်ဘူးလား ။ ''


'' နင် ရူးလား ဟဲ့ နင်နဲ့ငါက သိရုံပဲသိတာ ငါနင့်ကို မကြိုက်ဘူး ။
ငါကြိုက်တဲ့သူလည်းရှိတယ်။ နင့်ကိုတော့ မဟုတ်ဘူး ။ ''


'' ဘာ နင်ဘာပြောတယ်။ ကြိုက်နေတဲ့သူ ဟုတ်လား။
ဘယ်သူလဲ ။ ဘယ်ကကောင်လဲ ''


🦋ကျွန်တော့်ရဲ့မောင်🦋        🦋ကျွန်တော့်ရဲ့မောင် 🦋Where stories live. Discover now