11.Unicode

573 27 0
                                    

''hot-dog ဆိုင်ပဲ ''

'' hot-dog ကြိုက်တာလား ''

'' အင်း ငါ့ကိုဝယ်ပေးမလား ''

လွန်းစကားမဆုံးခင် ပျောက်သွားသူဟာ တန်းဆီနေတဲ့လူတွေကြားဇွတ်တိုးဝင်လို့

''ဒီမှာ ဒီမှာ hot-dog အကုန်လိုချင်တယ် တစ်ဆိုင်လုံးအကုန်ရောင်းပေး ''

လူငါးယောက်လောက်တန်းစီနေတဲ့ ရှေ့ရောက်တော့ ခွန်းဒီပါမောင် အသံကြီးအသံကျယ်နဲ့ အော်ပြီးမုန့်လုဝယ်နေတယ်။

လွန်းဆက်ပိုင်လည်းအနားကိုအမြန်သွားပြီး
ခွန်းဆက်ပိုင်ရဲ့ ပါးစပ်ကိုလက်နဲ့အတင်းအုပ်ပြီးပိတ်လိုက်တယ်။

'' ဘယ်လိုဖြစ်ပြီးအဲ့လိုဝယ်နေတာလဲ မင်းလေ လုပ်လိုက်ရင်ရိုက်ပေါက်ကြီးပဲ ''

'' ဟူး အသက်ရှုကြပ်သွားပြီ ကုန်သွားရင်မစားရတော့ပဲနေမှာပေါ့ အဲ့တော့ လှမ်းအော်ရတာပဲ မဟုတ်ဘူးလား ''

'' ကုန်တာတော့မကုန်ပါဘူးကွာ စောင့်လိုက်ရင်ရတာပဲ ''


'' ဟေး မြန်မြန်လုပ်ဗျ ရှေ့က လူတွေ ကျုပ်ကောင်လေး ဗိုက်ဆာနေပြီ ''


'' ဟာကွာ ငါတကယ်ပါပဲ ''

လွန်းဆက်ပိုင်တစ်ယောက်မနိုင်တော့မှန်းသိ၍ ထိုင်သာရယ်နေတော့တယ်။

'' မပြီးကြသေးဘူးလား ။ ကျုပ်ကောင်လေး အစာအိမ်ဖြစ်ရင် ခင်ဗျားတို့အမှု့ပတ်အောင်လုပ်ပြစ်မှာနော် မြန်မြန်လုပ်ကြစမ်းပါ ''

ဆိုင်ရှင်လည်း ခွန်းဒီပါမောင်ကို လှမ်းကြည့်ပြီးရှေ့ကတန်းစီသူတွေကိုခပ်မြန်မြန်လုပ်ပေးနေရတယ်။

ဝယ်သူတွေလည်း သူ့ကိုကြည့်ပြီး တီးတိုးစကားဆိုနေကြတယ်။


'' ရောက်ပြီလား ကျုပ်အလှည့် တစ်ဆိုင်လုံးထည့်ဗျာ ''

ဆိုင်ရှင်တင်မကပဲ လွန်းဆက်ပိုင်ကောနောက်မှာတန်းစီနေသူတွေပါ အကုန် ခွန်းဒီပါမောင်ဆီ အကြည့်တွေလက်ခနဲ ။

'' ခွန်းဒီပါမောင် အဲ့လောက်အများကြီး မလုပ်စမ်းနဲ့လေ မင်းစားမှာမို့လို့လား ''

🦋ကျွန်တော့်ရဲ့မောင်🦋        🦋ကျွန်တော့်ရဲ့မောင် 🦋Where stories live. Discover now