19.Unicode

1.8K 47 6
                                    

''ဒီပါမောင် သားလား။အန်တီ သူရိန်အမေပါ။မနေ့ညက သူအိမ်ပြန်မလာဘူးသားတို့နဲ့အတူရှိနေလားဟင် ''

''မလာဘူးအန်တီ သူအလုပ်မှာပဲရှိမှာပေါ့။အန်တီမေးပြီးပြီးလားသူ့အလုပ်ကို''

''ဟုတ်လောက်မယ်အန်တီ အလုပ်ကို ဖုန်းဆက်လိုက်ဦးမယ်။ သူ့ဖုန်းကခေါ်မရဘူးသားရယ်။
ဖုန်းလည်းစက်မပိတ်ထားပဲ မကိုင်တာ။
သားခေါ်လို့ရ ရင်ပြောပါဦးနော်''


''အန်တီအရမ်းစိုးရိမ်နေရင် ကျွန်တော်လာခဲ့ပေးမယ်''

'အေးသားရယ် ကူညီပေးပါ။ ဒီကလေးဘယ်တွေသွားပြန်ပြီလဲမသိဘူး''

သူရိန်ရဲ့အမေဖြစ်သူ ဒေါ်မမခင်ဟာ ရှေးရိုးစွဲသူတစ်ယောက်ဖြစ်တယ်။သူမရဲ့သားကို အချိန်တိုင်းဂရုတစိုက်နဲ့ယောကျာ်းလေးတစ်ယောက်တည်းမွေးထားတာမို့ပိုချစ်ရတယ်။တစ်ဦးတည်းသောသားကို လိမ္မာမှု့မရှိပဲဆိုးသွမ်းမှာအရမ်းကြောက်တဲ့မိခင်ဖြစ်တယ်။
ညတိုင်းအိမ်ပြန်နေကြကို သားကမနေ့ညကပြန်မလာဖြစ်ဘူး။
ရင်ထဲမကောင်းလို့သားတစ်ခုခုဖြစ်နေတယ်လို့ခံစားလိုက်ရတယ်။သားအပေါင်းသင်းမှားမှာလည်းစိတ်ပူမိလို့ချုပ်ချယ်သမျှ သားလွတ်ထွက်နေပြီလား။

ခွန်းဒီပါမောင် အိမ်ကထွက်ပြီးသူရိန်ရှိရာ music box ကိုကားမောင်းထွက်လာခဲ့တယ်။

''သူရိန်ဘယ်မှာလဲ''

''မနေ့ထဲက boss ကပြန်သွားတာ ကောင်လေးတစ်ယောက်လာခေါ်လို့''


''ဘာကောင်လေးတစ်ယောက်လာခေါ်တာဟုတ်လား''

''ဟုတ်ကဲ့ ကလေးအရွယ်လောက်ပဲရှိသေးတယ် အသက်က 16 17 လောက်အရွယ်လေး ''

''သူတို့ဘယ်ကိုသွားလဲသိလား''

''မသိရပါဘူး''

''ဒါဆို မင်းတို့ရုံးဖုန်းဘယ်မှာလဲ''

''မရှိဘူးထင်တယ်
မနေ့က ရုံးဖုံးကိုဆက်တဲ့သူများနေလို့ သူယူသွားလိုက်မယ်ဆိုပြီး။ ''

'' ဒါဆိုဖုန်းမှာ GPS ဖွင့်ထားလား ''

'' ဟုတ်ဖွင့်ထားတယ်။ page ထောင်ထားတော့ အမြဲဖွင့်ထားဖြစ်တာ''

🦋ကျွန်တော့်ရဲ့မောင်🦋        🦋ကျွန်တော့်ရဲ့မောင် 🦋Where stories live. Discover now