18.Unicode 🔞🔞

1.1K 24 0
                                    

''ဒီဆိုင်ပိုင်ရှင်နဲ့တွေ့ချင်လို့''



''အထဲမှာရှိပါတယ်။ bossအသိထင်တယ်''


''သူ့သူငယ်ချင်း အခုဝင်လို့ရပြီလား''


''ဟုတ်ကဲ့ ကျနော်တို့နဲ့လိုက်ခဲ့ပါ။bossကရုံးခန်းထဲမှာပါ။''


''အင်း ''

လူနှစ်ယောက်က ကောင်လေးတစ်ယောက်နဲ့အတူ ရုံးခန်းရှိရာကိုလျှောက်လာကြတယ်။

'' ဒီမှာပါ။ ကျနော်တို့ကိုခွင့်ပြုပါဦး''


''အင်း''

ထိုကောင်လေးကိုလိုက်ပို့တဲ့ဝန်ထမ်းနှစ်ယောက်ကထားခဲ့ပြီးပြန်လှည့်ထွက်သွားတယ်။



''ဝင်ခဲ့ပါ''


''မှတ်မိမယ်ထင်ပါတယ် ''


''ညီ မင်းဘယ်လိုလုပ်ပြီး ဒီဆိုင်ကိုသိတာလား''


''ဒါပေါ့ အကိုရဲ့ ကျနော်အခု လာခဲ့ရတာအရေးကြီးကိစ္စရှိလို့ ''


''ထင်တော့ထင်သား ဘာကိစ္စလဲအရေးကြီးကိစ္စက ညကြီးမင်းကြီးလာတယ်ဆိုတော့ ''



''အကို့ညီမလေ အခု ကျနော့်ဆီ လာတယ် ။အခု ဟိုတယ်မှာ အကိုလိုက်ခေါ်ပေးပါဦး ''


''ဘာ မိငယ် မိငယ်က ညဘက်ကြီး မင်းဆီလာတယ်။ မင်းဘာလုပ်လိုက်သေးလဲငါ့ညီမကို ''


''ဟား အကိုဖြစ်တဲ့သူကမယုံသင်ခါနဲ့ဗျာ
မယုံရင်လိုက်ခေါ်ပါဆို ။ကျနော်က သူ့ကိုမလိုချင်တော့လို့ အကိုလိုက်ခေါ်စမ်းပါ ကိုယ့်ညီမကို ''



''အခုဘယ်မှာလဲ လိုက်ခေါ်မယ်မင်းကြောင့်သာငါ့ညီမတစ်ခုခုဖြစ်ရင်မင်းသေမယ်နော် ''



''ဟား ပလိုင်းကြီးဗျာ လာမှာသာလာစမ်းပါ''


''မင်းရှေ့ကလျှောက်''


''အကိုကအခုကျ သူစိမ်းဆန်လိုက်တာဗျာ''

ဘာဖြစ်ချင်ပြန်တုန်းမသိ။ဒီကောင်လေးငါ့ကိုအရူးလုပ်မှာလည်းကြောက်ရနဲ့။
သူစော်ကားချင်တိုင်းစော်ကားလို့ရတုန်းကကျတော့ ခင်ဗျားတွေကျုပ်တွေနဲ့။အခုကျတော့ အကို့ညီမ အကိုပြန်ခေါ်ပါတဲ့။
ညီ မင်းကကစားတော်တဲ့ကစားသမားတစ်ယောက်ပဲ။
ဘယ်အကွက်ကလှည့်လှည့်မင်းကနိုင်ပါတယ်။ကိုယ်ကတော့ရုံးတဲ့သူပေါ့။


🦋ကျွန်တော့်ရဲ့မောင်🦋        🦋ကျွန်တော့်ရဲ့မောင် 🦋Where stories live. Discover now