7. Unicode

685 35 6
                                    

မနေ့တစ်နေ့ကမှသူငယ်ချင်းလိုလူတစ်ယောက်ကိုချစ်ဖို့ဆိုတာငါ
မသေချာဘူး။
ဒါပေမဲ့ ငါအဲ့နေ့ကတစ်ခုကိုတော့မှတ်မိလိုက်တယ်။ ဟုတ်တယ်။

သူရဲ့အနွေးဓာတ်လေးက ငါတုန်လှုပ်နေတဲ့အချိန်မှာ အင်အားဖြစ်စေတယ်။

အင်း ပြီးတော့ ငါ့နှလုံးသားကလည်း သူပွေ့ထားတဲ့ချိန်မှာ တစ်ဒိပ်ဒိပ်ခုန်နေတယ်။
ငါသိပါပြီ။ ငါချစ်တတ်သွားပြီ။ ဒါပေမဲ့ ပြန်တွေးကြည့်ရင် ယောကျာ်းလေးတစ်ယောက်ကိုငါချစ်မိသွားတာပဲ။

''ဒီနေ့လူနာ ဆေးရုံကဆင်းလို့ရပါပြီ။ ''

ဘေးနားအိပ်မောကျနေချိန် ဒေါက်တာဝင်လာမှ

ညကတည်းကဆုပ်ကိုင်ထားမိတဲ့လက်ကလေးကို လွှတ်လိုက်မိတယ်။

'' ဟုတ် ဒေါက်တာ ဒါဆို ကျနော်ငွေသွားရှင်းလိုက်ပါဦးမယ် ''

'' ရော့ဒီ စာရွက်နဲ့အောက်ကကောင်တာမှ ငွေရှင်းလိုက်နော် ''

ဆရာဝန်နဲ့သူနာပြုမလေးလည်း ခွန်းဒီပါမောင်ကို ငွေရှင်းဖို့စာရွက်တစ်ရွက်ထုပ်ပေးပြီး ပြန်ထွက်သွားတယ်။

ခွန်းဒီပါမောင် လည်း သူနာပြုပေးလိုက်တဲ့စာရင်းကိုကြည့်ပြီး အဖေ့ဆီဖုန်းဆက်ငွေလွှဲဖို့ကြံရတော့တယ်။
လက်ထဲငွေအ့လောက်မရှိတော့ အားကိုးရာအဖေသာပဲ။

'' ဟယ်လိုအဖေ ''

'' ပြော သား ''

''ကျနော်ငွေလိုလို့ တစ်သိန်းလောက်ပါပဲ အဖေ လွှဲပေးလို့ရလား။ ''

'' ဒီငွေတစ်သိန်းကို မင်းဘာလုပ်မလို့လဲ ''

'' ဒီမှာ ကျနော် သူငယ်ချင်းတွေကို မုန့်ကျွေးဖို့ ခေါ်လာတာ လက်ထဲငွေက တစ်ပြားမှမပါပဲနဲ့လေ လုပ်ပါနော် တစ်သိန်းပဲ ''

'' မင်းကဒ်ထဲလွှဲပေးလိုက်မယ် တစ်သိန်းနှစ်သောင်းပေးမယ် ''

'' ကျေးဇူး အဖေ ''

နီးစပ်ရာ ATM ရှေ့ကို သွားပြီး ငွေထုတ်လိုက်သည်။

'' နိုးပြီလား လွန်းဆက်ပိုင် ''

'' အင်း နိုးပြီ ကျေးဇူးပဲ မင်းရှိပေးလို့ ''

🦋ကျွန်တော့်ရဲ့မောင်🦋        🦋ကျွန်တော့်ရဲ့မောင် 🦋Where stories live. Discover now