3 .Unicode

965 55 0
                                    

လူတွေသိပ်မက်မောကြတဲ့ အချစ်ဆိုတာ ဘယ်လိုမျိုးများလဲ
ကျနော့်အတွက်က.  အရေးပါတဲ့အရာမဟုတ်ဘူး။
ကျနော်က အချစ်ကို အနိုင်အရှုံးလို့ပဲ သတ်မှတ်တယ်။
ကျနော် ငြင်းခံရတာ မကြိုက်ဘူး ။
ငြင်းခံရတာ ဘယ်လောက်ခံပျင်းလဲ ဆိုတာ.......


''မိန်းမရေ ကိုယ်ပြန်ရောက်ပြီ။ မိန်းမ မိန်းမရေ ''

ဦးဒီပါတေဇ တစ်ယောက် ခရီးဆောင်အိတ် တစ်လုံးကို ကိုင်ဆွဲလာရင်း အိမ်အပေါက်ဝ ၌ စီးနေကြ ရှူးဖိနပ် အမဲရောင်ကို ချွတ်နေလေသည်။
ခရီးမော လာ၍ ထင်ပါရဲ့ အေးမြလွန်းတဲ့ ရေတစ်ခွက်ထပ် သူ့သိပ်ချစ်တဲ့ မိန်းမရဲ့ မျက်နှာလေးကို လွန်စွာမက်မောနေသည်။


'' ဦးတေ ရှင်ပြန်လာပြီပေါ့ ဘယ်လိုလဲ အဆင်ပြေခဲ့ရဲ့လား ''

ဒေါ်သက်ထားတစ်ယောက် သူ့၏ ချစ်လင်ခေါ်သံကြောင့် အိမ်အပေါ်ထပ်က ပြေးဆင်းလာခဲ့သည်။ ခရီးထွက်နေရတဲ့ သူမို့ သိပ်လွမ်းနေခဲ့သည်ထင်၏။

'' အဆင်ပြေခဲ့တယ် မိန်းမရဲ့ ဒါနဲ့သားကော ''


'' သားလား ဒီနေ့ ကျောင်းပိတ်ရက်မို့ အိပ်နေတယ် ခုထိကို မထသေးတာ ''


'' ဟုတ်မှာပါ။ ကိုယ်အခု မန္တလေးမှာ ဆောက်ထားတဲ့ ဟိုတယ်က
ပိုပြီးအလုပ်ဖြစ်နေပြီ ။ ရတဲ့အမြတ်တွေ ကလည်း  ဘယ်လုပ်ငန်းနဲ့မှမတူအောင်ကို သိပ်များတာကွာ ။ ''



'' ဒါဆို သားအတွက် နိုင်ငံခြားပို့လို့ရလောက်ပြီပေါ့ ''



'' ဒါပေါ့ ကွာ ကိုယ်တို့သားကို နိုင်ငံခြားပို့ရမယ် ပြန်လာရင် ဒီဟိုတယ်ကိုပဲ ဦးစီးခိုင်းရမယ် ''



'' သားကို ပြောမထားသေးရင်ကောင်းမယ် သားကကြိုပြောရင် ဖျက်တတ်တယ်။ အနီးကပ်မှပြောတာပဲကောင်းမယ် ''



'' မိန်းမသဘော လေ ကိုယ်က စီးပွားပဲရှာတတ်တာ သားကိုအချိန်မပေးနိုင်ဘူးလေ ''


''ဒါဆို ဘာစားခဲ့သေးလဲ ''



'' စားခဲ့ပြီးပြီး ဒီဟိုတယ်လုပ်ငန်းနဲ့မှ တအားတွေ စီးပွားတတ်တော့မှာ
သိပ်ဝမ်းသာတာပဲ ''


🦋ကျွန်တော့်ရဲ့မောင်🦋        🦋ကျွန်တော့်ရဲ့မောင် 🦋Where stories live. Discover now