13 .Unicode

442 18 0
                                    

''လရိပ်ငယ် !!''

ဆောင့်ခေါ်လိုက်တဲ့အသံဟာ နောက်ကရောက်လာတယ်။ ဘယ်သူဘယ်ဝါဆိုတာ လှည့်ကြည့်စရာမလိုအပ်ဘူး ။အကုန်သိတယ်။ ဒီလူဟာဘယ်သူဆိုတာ မသိရလောက်တဲ့ထိ မမေ့သေးပါဘူး။
ဒါပေမဲ့ ကိုယ့်ကို့ကိုယ့်အပြစ်တင်ရမလား။ဒီလူ့ဆီကထွက်ပြေးမီသင့်တော်မယ်အရာကို သိရဲ့နဲ့ ဘာအတွက်များကပ်တွယ်နေရတော့မှာလဲ။

''လရိပ်ငယ် ငယ်ကိုယ်ခေါ်နေတာ မကြားဘူးလား ''

ခြေလှမ်းတွေကိုမြန်မြန်ဆန်ဆန်လှမ်းတော့ထိုလူကပိုမြန်မြန်လိုက်လာတယ်။
ဟင့်အင်း ပြန်သွားလို့မဖြစ်ဘူးလှည့်လို့မရတော့ဘူး။ငါ့အမှားတွေကပိုဆိုးလာခဲ့ပြီ။

ပိုမြန်မြန်​လျှောက်လေ ထိုလူလည်းပိုတိုးကပ်လာလေ။
စူးစိုက်ကြည့်ခံနေရမှန်းသိပေမဲ့ မဝံ့ရဲဘူး။

''လရိပ်ငယ် ကိုယ်ပြောနေတယ်လေ မကြားချင်ယောင်ဆောင်နေတာရပ်လိုက်တော့ ''

နောက်လှည့်မကြည့်မိဖို့ကြိုးစားပေမဲ့ ထိုလူကကိုယ့်ရှေ့မှာပေါ်လာပြီ။

မင်းဆက် တစ်ယောက် လရိပ်ငယ်ရဲ့ ရှေ့တည့်တည့်သို့ရပ်နေခြင်းဖြစ်သည်။
လူသွားလူလာများပေမဲ့ စကားပြောသံတွေကိုတော့ရေရေရာရာကြားရလောက်တဲ့အထိတော့မဟုတ်။
မနက်စာရှမ်းခေါက်ဆွဲကို အကိုဖြစ်သူနေ့တိုင်းဝယ်ပေးပေမဲ့ ဒီနေ့မှအကိုဖြစ်သူကအိပ်ပုတ်ကြီးနေလေရဲ့။
လရိပ်ငယ်လည်း ပြတ်သားရမဲ့ဆက်ဆံရေးကို ထပ်မတွယ်ညှိချင်တာအမှန်။

'' လရိပ်ငယ် မင်းနားလေးသွားတာလား။ငါဒီလောက်ခေါ်နေတာ မကြားရအောင် ဟမ် ''

ဟုတ်သာ်ထိုလူတစ်အားစိတ်တိုနေမှန်းသိသာနေပြီ။မျက်နှာတစ်ပြင်လုံးနီချင်နေပြီ။ဘာကိစ္စနဲ့လူကိုလာဟောက်နေရတာလဲ။

''ဘာကိစ္စလဲ ''

လရိပ်ငယ် မခံချင်၍ ထိုလူ့ကိုပြန်ပြောလိုက်သည်။

ထိုလူကတော့ပို၍ဒေါသထွက်သွားပြီထင်၏။မတတ်နိုင် ဒါလုပ်သင့်ရင်လုပ်ရတော့မဲ့ကိစ္စပဲမလား။

''ဟ လေသံကပြောင်းလှချီလား။ ဘာကိစ္စရှိရဦးမှာလဲ ဟမ် "

🦋ကျွန်တော့်ရဲ့မောင်🦋        🦋ကျွန်တော့်ရဲ့မောင် 🦋Where stories live. Discover now