16.Unicode

447 17 0
                                    

''ဘာ မင်းအစော်ကားခံခဲ့ရတယ် ဟုတ်လား''

''အင်း ပြောရမယ်ဆို ငါကလည်းအမှားရှိတာကိုး''

''နေပါဦး မင်းကသူ့ကိုဘာပြောလိုက်လို့လဲ''

စည်သူနဲ့ခွန်းဒီပါမောင်တို့နှစ်ယောက်သူငယ်ချင်းဖြစ်သူ သူရိန်ရဲ့အနာကိုပြန်ဆွနေပြန်ပြီ။သူရိန် တစ်ယောက်
အမေ မသိအောင် ခိုးထွက်ပြီးသူတို့ဆီလာတွေ့တာမို့
သူခံစားရသမျှ သူ့ညီကိုလိုခင်ရတဲ့သူကို ဖွင့်ထုတ်နေသည်။

''ငါဖွင့်ပြောလိုက်တယ် ''

''စွတ်သောက်မနေနဲ့ကွ မင်း''

သူရိန်ကရှေ့ကဝိုင်ကို ဖန်ခွက်ထဲငှဲ့ထည့်နေတော့ ခွန်းဒီပါမောင် တားနေရသည်။သူသောက်တာအတော်များနေပြီ။ သူ့အမေသာသိရင် ကိုယ်တို့နှစ်ယောက်ကအရစ်ခံရဦးမယ်။

''ငါ့ကိုမတားကြပါနဲ့ကွာ ငါကဒီလိုမျိုးလိုချင်ခဲ့တာမဟုတ်ဘူး။
ညီကလေ တအားလှတယ်။သူ့ကိုကျောင်းမှာတည်းကတွေ့ခဲ့တာသူကတော့ငါ့ကိုလျစ်လျူရှုမြဲပဲ အခု ...အခုလည်း ငါ့ညီမနဲ့တွဲနေကြတာ ငါ့ရင်ဘတ်ထဲကကွာ နာကျင်ရတယ်ကွ  ကိုယ့်ညီမဖြစ်သူရဲ့ရည်းစားကိုမှကြိုက်မိတဲ့အကိုဆိုတဲ့ငါက ဦးနှောက်မရှိတော့ဘူးကွ မင်းတို့သိလား။ ဟ့.. ညီကလေ.. ညီက သိပ်ပြီးချစ်ဖို့ကောင်းတယ်။''


''မင်းအဖြစ်က လည်း ကွာ
မင်းညီမသာသိသွားရင် မင်းဘယ်လိုလုပ်မလဲ ''

စည်သူက သူရိန်ကိုကြည့်ပြီး ရှေ့ကဝိုင်ကို မော့သောက်လိုက်တယ်။

''ထားပါကွာ မင်းညီမသိတာမသိတာအရေးမကြီးဘူး။ မင်းဘာဆက်လုပ်မှာလဲ''

''မင်းကရည်းစားရှိတော့
ပြောအားရှိတာပေါ့ ''


''စည်သူ ငါက သူရိန်ဘာလုပ်ချင်လဲကိုမေးနေတာ ငါရည်းစားရှိတာနဲ့ဘာမှမဆိုင်ဘူး''



''ငါ့ညီမ သိတယ်။ ''

''ဘာ''


''သူတို့နှစ်ယောက်ငါ့ကြောင့်ရန်ဖြစ်တာမလိုချင်ဘူး။
ငါ့ကညီကိုချစ်တယ်ဆိုပေမဲ့ ငါကသာမချစ်ခဲ့ရင် ငါဒီလိုအစော်ကားမခံရတော့ဘူးပေါ့။''


🦋ကျွန်တော့်ရဲ့မောင်🦋        🦋ကျွန်တော့်ရဲ့မောင် 🦋Where stories live. Discover now