15.Unicode

476 15 0
                                    

ကျောင်းဆင်းချိန်ထိ မောင်က သူ့အခန်းဆီပြန်မသွားဘူး။
ခါတိုင်းလိုပဲမောင်ကအမြဲလိုက်ပို့လို့ငါ့လမ်းကလူတွေတောင်သိနေလောက်ပြီ။ရပ်ကွက်က CCTVဆန်တယ်ဆိုတာ သိကြတယ်မလား။
ဒါပေမဲ့ငါကတော့မောင်အိမ်ကိုတစ်ခါမှမရောက်ဖူးသလိုမောင်ရဲ့အကြောင်းတွေကိုငါကမသိရဘူး။မောင်မပြောချင်လို့ပဲထားပါတယ်။မောင့်အခြေအနေကိုငါကသိနေရင်မောင်အနေခက်နေမှာပဲလေ။ဒါတော့ငါနားလည်ပါတယ်။

ငါအိမ်ပြန်ရောက်တော့အငယ်ကောင်က အိမ်မှာရှိမနေပြန်ဘူး။
ပြောမရဆိုမရမို့လွှတ်ထားပေမဲ့သူ့ကိုတော့ခြေငြိမ်စေချင်တယ်။

ဝတ်လက်စအကျီ်အပြာနုကို လက်ခေါက်တင်ရင်းမောင့်ကိုသတိရမိတယ်။မောင်ကလည်းငါလက်ခေါက်တင်ထားတဲ့အခါတိုင်းငါ့အကျီ်ကိုဆွဲဆွဲချနေကြမို့ မောင့်အကျင့်တွေကိုငါနှလုံးသားထဲသိမ်းဆည်းထားချင်တယ်။
မောင်နဲ့အတူ ဒီနေ့ညတွေ့ရမှာမို့ မောင့်ကိုမစောင့်စေချင်ဘူး။ပုဆိုးအပြာရင့်ကငါအကြိုက်ဆုံးအရောင်ဖြစ်လို့ငါ့မှာပုဆိုးများများကအဲ့အရောင့်များတယ်။ မောင့်ကိုလည်းတစ်ခါလောက်ပုဆိုးဝတ်တာမြင်ဖူးချင်မိတယ်။အထက်တန်းကျောင်းတတ်တုန်းကတော့ဝတ်မှာပေါ့ငါတော့မမြင်ဖူးသေးဘူး။


ကြည့်ငါအလုပ်တောင်မရောက်သေးဘူး။မောင်က စာတွေဆက်တိုက်ကိုပို့နေတော့တာ။ငါစာမပြန်ရင်စိတ်ကဆိုးလို့မပြီး။
မောင့်စာတွေအများကြီးကိုငါအမှီမရိုက်နိုင်ဘူးမောင်ရဲ့။
စာတွေကိုအသံဖိုင်ပဲပြန်ပို့ပြီး ငါအိပ်ပြီပြောရတယ်။ နောက်မို့ဆိုငါ့ကိုအချိန်တိုင်းသူနဲ့စကားပြောစေချင်တာ။ငါနားလည်ပါတယ်ငါလည်းမောင်နဲ့အတူပြောချင်တာပေါ့။ငါ့ဘဝကတော့ မတူဘူးလေ။ငါသာအလုပ်မလုပ်ရင်ငါတို့ဘာနဲ့စားကြမလဲ။မောင်ကငါ့အိမ်အခြေအနေကိုမှမသိနိုင်ပဲငါလည်းမပြောပြဖူးပါဘူး။
တစ်လသာကြာသွားတယ်အချိန်ကမြန်သလိုပါပဲလား။

အလုပ်မသွားခင်သာ ကိုယ်ကြိုက်သလိုဝတ်လို့ရတာအလုပ်ထဲရောက်ရင်တော့ငါတို့ uniform change ရပြီ။ငါတို့bar က ညပိုင်းဆင်းသူများတော့ ငါဒီနေ့တစ်ရက်စောစောပြန်ဖို့ managerကို ငါပြောရမယ်။manager ရဲ့အပွားတော့ခံရမှာပေါ့။မောင်နဲ့ကအတူလည်ချင်သေးတာပေါ့။

🦋ကျွန်တော့်ရဲ့မောင်🦋        🦋ကျွန်တော့်ရဲ့မောင် 🦋Where stories live. Discover now