အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးဆို ရင် ကျွန်တော်လုပ်ရက်တွေမှန်နိုင်ပါစေ ဆုတောင်းမိတယ်။
သူရိန်။
''ခင်ဗျား ဒါဘာလုပ်တာလဲ ''
'' ဘာလုပ်မိလို့လဲ ညီ ''
''အော် မသိဘူးပေါ့ ရတယ် ''
ခွပ် !
အရှိန်ပြင်းပြင်းထိုးချက်က သူရိန်မျက်နှာထပ်ဝယ် ပင့်သက်လို့။
နောက်ပြန်ကျသွားတဲ့သူဟာ ပြန်ထရန် ကြိုးပမ်းလိုက်ရင်း နှုတ်ခမ်းထောင့်က သွေးစတွေကို လက်နဲ့ ပင့်ရင်းသူပြောရှာတယ်။'' ဘာတွေမှားမိလို့လဲ ကိုယ်ညီ့ကိုဘာတွေလုပ်မိသွားလို့လဲ ''
'' ရွံတယ် ခင်ဗျားကို သိပ်ရွံတယ် ''
'' တောင်းပန်ပါတယ် မင်းအတွက် ကိုယ်က ရွံစရာတစ်ခုဖြစ်ခဲ့မိလို့ ''
'' မှားတာပဲ အမှားကြီးမှားတာ ခင်များ ဗျာ ''
'' ကျွန်တော်က ယောကျာ်းလေးဗျ ခင်ဗျား အခုလို ဆက်ဆံပုံတွေက ကျနော်အတွက် လုံးဝ အဆင်မပြေဘူး ''
'' ဟုတ်ပါတယ် ကိုယ်က gay တစ်ယောက်ဖြစ်နေခဲ့တော့ မင်းအတွက် အရမ်းပဲ trouble ဖြစ်နေမှာပဲ ။ ''
'' ဖြစ်တယ် အရမ်းအရမ်းဖြစ်တာ အခု ခင်များလုပ်လို့ ကျနော် ပတ်ဝန်းကျင်မှာဘယ်လောက်မျက်နှာပျက်နေပြီလဲခင်ဗျားသိလား ။ ပြီးတော့ ကျနော့်ကောင်မလေးကလည်းကျနော့်ကြောင့် သူပါ အပြောခံနေရပြီ ''
'' နေပါဦး ညီ ညီကောင်မလေးနဲ့ညီ့ကို ကိုယ်ပြသနာဖြစ်အောင်မလုပ်မိပါဘူး ''
'' တော်စမ်းပါဗျာ မနေ့က ခင်ဗျား အမေ ကိုယ်တိုင် လမ်းထဲ လာပြီး ပြောသွားတာ ခင်ဗျားကို ကျနော်က မြူဆွယ်နေပါတယ် တဲ့ ''
'' ဘာအမေ ဟုတ်လား ဟာကွာ မှားနေပြီ ကိုယ်တောင်းပန်ပါတယ် အမေ ကအဲ့သဘောနဲ့ပြောတာမဟုတ်ပါဘူး ။ ကိုယ် ညီတို့နှစ်ယောက်ကိုတောင်းပန်ပါတယ် ''
'' ဒါပေမဲ့ ခင်ဗျားကို တစ်ခု မှာစရာရှိတယ် ကျနော့်မှာကောင်မလေးရှိတယ် ''
![](https://img.wattpad.com/cover/262086079-288-k623603.jpg)
YOU ARE READING
🦋ကျွန်တော့်ရဲ့မောင်🦋 🦋ကျွန်တော့်ရဲ့မောင် 🦋