1-Unicode.

4.7K 108 7
                                    

''မောင် သူ့ကို  လက်မထပ်ပါနဲ့လား "

'' မရဘူး  မောင်သူ့ကို လက်ထပ်မှဖြစ်မှာ .
မင်းက မောင်မရှိလည်း ဖြစ်တယ်။
သူက မောင်မရှိရင်မဖြစ်ဘူး "

'' ဟင့်အင်း မဟုတ်ဘူး မောင်ပြောတော့ လွန်းကို ချစ်တယ်ဆို
မောင်မတရားဘူး မောင်ရာ

မောင်ငါတို့ မကွာရှင်းဘဲ နေလို့မရဘူးလား မောင်
ပြီးတော့ မောင်သူ့ကို လက်မထပ်ပါနဲ့လား
မောင် ငါ မင်းကို မစွန့်လွှတ်နိုင်ဘူး နာကျင်နေပေမဲ့လည်း ငါမင်းကို လိုအပ်တယ် မောင် ''

'' တော်တော့ကွာ မင်း လင်ရှားနေလား ။ ''

'' ဟင့်အင်း ''

ကျွန်တော်လန့်နိုးလာခဲ့တယ်။ ဘေးဘီ ဝဲရာကြည့်မိတော့ အတော်မှောင်နေပြီ ။ ည တဲ့ သိပ်ပြီး အနားယူစရာအချိန်လေးပေါ့။
ဒါပေမဲ့ ကျွန်တော့်အတွက်မဟုတ်ဘူး ။ လန့်နိုးမိချိန် ဘေးက ဖုန်းလေး ယူ အချိန်ကြည့်တော့ 4 နာရီတဲ့။

ဖုန်းပြန်ထားပြီး ကျွန်တော့်ရဲ့ဘေးနား အိပ်နေတဲ့ သေးသေးလေးကို ကျွန်တော် ပွေ့ဖက်လိုက်တယ်။ ဒီကောင်လေးက ကျွန်တော့်ရဲ့ တစ်ခုထဲပဲကျန်တော့တဲ့ မိသားစု။ နှစ်နှစ်နဲ့ ငါးလ သာရှိသေးတဲ့ ဒီကလေး လေးက ကျွန်တော့်အတွက် ခင်တွယ်ရာပဲ။

ကျွန်တော် ပြန်အိပ်ဖို့ ကြိုးစားခဲ့ပေမဲ့ အမြဲ ကျွန်တော်ရှုံးပြန်တယ်။
ထပ်ပြီးမအိပ်ဆက်နိုင်တော့ဘူး။ ပြီးတော့ နာမည်လေးတစ်ခု။ မောင်တဲ့ ။ မဆန်းဘူး မလား ။ ယောကျာ်းတစ်ယောက်က သူချစ်တဲ့သူ ကို ခေါ်တာလေ ။

ကျွန်တော်တို့လမ်းခွဲခဲ့တာ နှစ်နှစ်တောင်ကြာသွားခဲ့ပြီပဲ ။ မိဘရင်ကို စုန်ကန်ပြီး မောင်နဲ့ လက်ထပ်ခဲ့ပေမဲ့ မောင်ကတော့ လုပ်ရက်လေခြင်း။ မောင့်တစ်မျက်နှာ ကမ္ဘာတည်ခဲ့တဲ့ ဒီက ကောင်ကို မောင်မေ့များမေ့နေခဲ့တာလား ။

မောင်က သိပ်ရက်စက်တာပဲ လို့ ပြောလည်းပြောချင်တယ်။ မပြောလည်း မပြောရက်ခဲ့ဘူး မောင်။

...........

လွန်ခဲ့တဲ့ 4နှစ်လောက်က

'' ဟျောင့် မြန်မြန်လာ တက္ကသိုလ် စတတ်မဲ့နေ့ နောက်ကျနေလို့မဖြစ်ဘူး ''

🦋ကျွန်တော့်ရဲ့မောင်🦋        🦋ကျွန်တော့်ရဲ့မောင် 🦋Where stories live. Discover now