5. Unicode

884 46 0
                                    

အချိန်တွေကြာလာတာနဲ့အမျှ လူတစ်ဦးနဲ့တစ်ဦး ရင်းနီးလာတယ်ဆိုတာ သဘာဝပါ။ မြင်ပါများရင် မတွေ့ရ ရင် မနေနိုင်ဘူးဆိုတဲ့ စကားမျိုးက တကယ်လက်တွေ့ကျတယ်။

'' လွန်း အတူတူပြန်ရအောင်လေ နော် လွန်း ကိုစောင့်နေတာ ကျနော်က ''

ကျောင်းဆင်းတိုင်း အမြဲစောင့်နေတတ်တဲ့ ဒီပါ့ကို လွန်းအပြစ်မမြင်ရက်။ major မတူပေမဲ့ အမြဲတစ်နာရီစောပြီးတဲ့ ဒီပါဟာ လွန်းရဲ့ မခိုင်းပဲလုပ်မဲ့ အစေအပါးတစ်ယောက်လို။

4 နာရီ ထိုးမှ လွန်း စာအုပ်ဖိုင်ကို လွယ်အိတ်ထဲ ကမူးရိုးထိုး ထည့်ပြီး
စောင့်နေမှန်းသိတဲ့ နေရာလေးကို လွန်းအပြေးလာရပြန်သည်။
ကျောင်းပြန်တိုင်း တစ်ကောက်ကောက်လိုက်တတ်တဲ့ ဒီကောင်လေးက လွန်းအတွက် အနှောက်ယှက်ဖြစ်တယ်လို့ကိုမထင်ခဲ့မိတာအမှန်။

'' ဘယ်တုန်းကရော မင်းက အတူမပြန်လို့လဲ ''

'' hee....  ဒါနဲ့ လွန်း ချယ်ရီ ကော ''

'' ချယ်ရီကိုတွေ့ချင်တာနဲ့ ငါ့ကိုပဲလာတွေ့နေလိုက် ငနဲလေး ''

'' ဟာဗျာ လွန်းကလည်း ကျနော်ကို သိချင်ယုံပါ လွန်းကို လာတွေ့တာက လွန်းကိုခင်လို့ပါနော် ''

'' အင်းပါကွာ မင်းပြောတော့မင်းစကားပေါ့ ချယ်ရီ ဒီနေ့မလာဘူး သူ့အဘွား ခေါ်လို့ ပဲခူးကိုခနသွားတယ် ''

'' တော်သေးတာပေါ့ ဟူးး ''

ရင်ထဲက အမောလုံးကြီးကျသွားတယ်ဆိုတဲ့သဘောမျိုး။ ဒီပါ သက်ပြင်းရှည်ရှည်ချလိုက်ပြီး လွန်းကိုင်ထားတဲ့ လက်ထဲက စာရွက်ဖိုင်တွဲကို ဆွဲယူလိုက်သည်။

'' မင်းဟာလေ အမြဲ ''

'' hee. ..heee လွန်း ဒီလောက် ချစ်စရာကောင်းတာ ဘာလို့ ရည်းစားမထားတာလဲ ''

'' မင်းနဲ့မဆိုင်ဘူး ''

'' မဆိုင်ပဲနေမလား လွန်း ကိစ္စတိုင်းက ကျနော်နဲ့လည်းဆိုင်တာပေါ့ ''

'' မင်းယောကျာ်းတန်မဲ့ တအားစပ်စုတာပဲ ''

'' ဟွန်း လွန်းကလည်းဗျာ ကျနော့်ဆိုအကောင်းမမြင်ဘူး ''

🦋ကျွန်တော့်ရဲ့မောင်🦋        🦋ကျွန်တော့်ရဲ့မောင် 🦋Where stories live. Discover now