12.Unicode

444 20 1
                                    

ဒီနေ့ဆိုမောင်နဲ့ငါက ချစ်သူဖြစ်တာ တစ်လပြည့်တော့မယ် ။အရင်လိုပါပဲ မောင်ကငါ့ကိုချစ်မြဲ ငါလည်းမောင့်ကိုချစ်မြဲပါပဲ။ ငါတို့အတူရှိတဲ့အချိန်တွေဟာ လှတယ်လို့ငါအမြဲသတ်မှတ်တယ်။

မောင်နဲ့နီးနီးကပ်ကပ်ရှိတိုင်း မောင့်ရဲ့အကျီ်က ကိုယ်သင်းနံ့ကို
ငါရင်ခုန်တယ်။
မောင် ငါ့ရဲ့နာမည်ခေါ်လိုက်တိုင်းလည်း ငါရင်တွေခုန်တယ်။
မောင်ရဲ့အလိုလိုက်မှု့တွေကြားမှာလည်း ငါပျော်မွေ့တတ်တယ်။
မောင်ရဲ့စကားသံတွေကိုလည်းငါကြိုက်တယ်။
မောင့်ပြုံးလိုက်တိုင်း ပေါ်လာတဲ့သွားလေးတွေကိုငါကြိုက်တယ်။
ဂျယ်အကူနဲ့ သပ်တင်ထားတတ်တဲ့ မောင့်ရဲ့ဆံပင်လေးတွေကိုငါအမြဲကိုင်ချင်တယ်။
pant အနက်ဘောင်းဘီရှည်ကို လက်ရှည်အကျီ်နဲ့တွဲဝတ်တတ်တဲ့မောင့်ကိုလည်းငါအရမ်းကြိုက်တယ်။
မောင် ငါ့ခေါင်းကိုအမြဲကိုင်နေတာလည်း ငါကြိုက်တယ်။
မောင် ချစ်တယ်ပြောတဲ့စကားကိုလည်း ငါနားထောင်လို့မရိုးသွားဘူး။ ဒါတွေဟာငါမောင့်ကိုဘယ်လောက်ချစ်လဲဆိုတာပဲ။

ဒါပေမဲ့လည်း မောင့်ရဲ့ချစ်ခြင်းတွေကို ငါအမြဲမပိုင်ရတော့မှာကိုတွေးပြီး ငါပိုကြောက်မိတယ်။

''အိမ်ပြန်တော့ မောင် ငါလည်း လျှောက်မသွားတော့ဘူး။ဒီည အငယ်ကောင်အိမ်မှာမရှိဘူး ။အမေတစ်ယောက်တည်း ငါစောစောပြန်မှဖြစ်မှာ။ ''

ကျောင်းဆင်းတိုင်း အိမ်ရှေ့ထိ လိုက်လိုက်လာတတ်တဲ့ သူမို့ အ
ခွန်းဒီပါမောင့်ကို အိမ်သို့အတင်းလွှတ်နေရသည်။ ဒီနေ့ ဟိုအငယ်ကောင်က အိမ်မှာမရှိ။ ဒီပြန်ရောက်တည်းက အချိန်ပြည့်အပြင်ထွက်ဖို့ပဲတွေးနေသည်။
ဆုံးမမဲ့သူမရှိသလိုမျောက်သစ်ကိုင်းလွှတ်ချင်နေပြီ။သူ့အမေကိုယ်တိုင်ကလွှတ်ထားတော့လည်း ကိုယ်လည်းမတတ်နိုင်ဘူးမလား။

''လွန်းကလုပ်ပြန်ပြီ။ မောင်နဲ့ဒီနေ့ ရုပ်ရှင်ကြည့်ရမယ်လို့ ကတိပေးထားတယ်လေ။ ''

'' အာ မောင်ရာ ငါတောင်းပန်တယ်ကွာ။ ဒီနေ့တစ်ရက်တော့ငါ့ကို ခွင့်လွှတ်ပေးလို့ရမလား။''

''အဲ့လိုမျက်နှာနဲ့ ပြောနေမှတော့ ဘယ်သူကစိတ်ဆိုးရဲမှာလဲ ''

🦋ကျွန်တော့်ရဲ့မောင်🦋        🦋ကျွန်တော့်ရဲ့မောင် 🦋Where stories live. Discover now