မောင်ကဒီနေ့လည်းကျောင်းမလာပြန်ဘူး။ငါမောင့်ကိုသူ့အတန်းမှာလိုက်ရှာခဲ့တယ်။
မောင့်ကျောင်းပျက်ပြန်ပြီတဲ့လေ။
မောင်ဘာတွေများလုပ်နေတာလဲ။ငါ့ကိုဘာမှလည်းပြန်မပြောလာဘူး။ငါစိတ်ပူမိတယ်။မောင်များငါ့ကိုထားသွားတာလား။
မောင်အကြောင်းမရှိပဲဘာလို့ပျောက်သွားရတာလဲ။ ငါညဘက်အိပ်နေတုန်း
ဖုန်းမြည်သံကြောင့်ငါနိုးလာခဲ့တယ်။အမှောင်ထုကြား လရောင်ကြောင့် ကောင်းကင်ယံက လှပနေတယ်။
အိပ်ပျော့နေရင်း စောင်ပုံထဲက လက်ထွက်လာပြီး ဖုန်းကိုလှမ်းယူတော့
နံပါတ်စိမ်းတစ်ခု ညတွင်းကြီးဘာအကြောင်းများလဲလို့ငါကိုင်လိုက်တော့။''လွန်း အိပ်နေပြီလား''
''မောင် မောင်ဘာဖြစ်တာလဲ တစ်ခုခုဖြစ်လို့လား ငါလေ မောင့်ကိုစိတ်ပူနေတာ မောင် ဘာဖြစ်လို့ဒီနှစ်ရက်တောင်ပျောက်သွားရတာလဲဟင်။မောင်ငါ့ကိုစိတ်ဆိုးပြီးရှောင်နေတာလား။မောင် တစ်ခုခုပြောဦးလေ''
''လွန်း မောင် လွန်းကိုအခုတွေ့ချင်တယ်''
''ဟင် မောင်ဘယ်ရောက်နေတာလဲ အိပ်မပျော်လို့လား ဘယ်မှာလဲ
ငါလာခဲ့မယ်''အိပ်ချင်မူးတူးဖြစ်နေရာကနေမောင့် ရဲ့တွေ့ချင်တယ်ဆိုတဲ့စကားကြောင့်ငါရင်တွေခုန်လာတယ်။မောင်နဲ့မတွေ့ရတာနှစ်ရက်ရှိပြီ။မောင့်ကိုတွေ့ရင်ဆူပြစ်ဦးမယ်။
''မောင်က ဆေးရုံမှာ ''
''မောင်နေမကောင်းတာမသက်သာလို့ဆေးရုံရောက်နေတာလား ငါ့ကိုဘယ်ဆေးရုံလဲပြောဦးလေ မောင် ငါအခုထွက်လာနေပြီ။''
''xxxxxဆေးရုံမှာ ''
''ငါလာပွီနပွေိီ။အခုကားငှားနပွေီ။''
''မောင့်ကဆေးရုံရှေ့မှာရှိတယ်''
''အင်းမောင် ငါဖုန်းချလိုက်မယ်ငါရောက်တာနဲ့ဖုန်းပြန်ဆက်မယ် ''
Taxi ငှားပြီးမောင်ရှိတဲ့ဆေးရုံကိုလိုက်သွားတော့ မောင်ကိုတွေ့ရတယ်။မောင်ကဆေးရုံရှေ့မှာထိုင်နေတာ။မောင်ပြောတဲ့အတိုင်းပဲ။ငါမောင့်ဆီပြေးသွားလိုက်တယ်။
YOU ARE READING
🦋ကျွန်တော့်ရဲ့မောင်🦋 🦋ကျွန်တော့်ရဲ့မောင် 🦋