4.Unicode

876 49 0
                                    

သီသီကလေးလွဲတယ်ပဲပြောရမလား ။ အချစ်ကပဲဆန်းကျယ်လို့ နတ်ဖွက်တယ်ပဲဆိုရမလား။ မမြင်နိုင်တဲ့ အမျှင်ကြိုးစလေးက သိပ်ပြီး အနာတရ ရတယ်ဆိုတာ လည်းဖြစ်နိုင်ကောင်းပါရဲ့။

မချစ်ဖူးတဲ့လူကိုချစ်မိတာကလည်း နာကျင်ခြင်းတစ်မျိုးပါပဲလား လွန်းရာ။ မိန်းကလေးတန်မဲ့ ချစ်တယ်ဆိုတာကို တိုက်ရိုက်ပြောရလောက်တဲ့ထိ ငါမအားမရှိခဲ့တာ အမှန်။

ဒါကြောင့်လူတွေပြောတာ ဘယ်တော့မှ အနေမနီးပါနဲ့တဲ့။ ငါသိပ်များအနေနီးသွားမိသလား လွန်း။ နင်ပြန်မချစ်လည်း ရတယ်။
ဒါပေမဲ့ ငါချစ်တာကိုလည်း နင်မသိစေချင်ဘူး။
ဒါဟာ ငါ့ကိုယ်ငါ တန်ဖိုးထားတာပဲမဟုတ်လား။

''ငါလွန်းကို ချစ်တယ် ။ ဒါပေမဲ့ လွန်းက ငါချစ်တာကို သိနိုင်မယ်မထင်ဘူး။ ''

ချယ်ရီငုံလွန်းဆက်ပိုင်သူငယ်ချင်းတွေထံ ရင်ဖွင့်စကားဆိုမိသွားသည်။ လက်နှစ်ဖက်ကို ပွတ်သပ်ရင် မဝင့်မရဲဆိုလာတဲ့ စကားလုံးတိုင်းက ကြောက်စိတ်အပြည့်။

'' ငါတို့ရိပ်မိသားပဲ ချယ်ရီရာ။ ဒါပေမဲ့ လွန်းကသိပုံမရဘူး။ ''

'' ငါကမိန်းကလေးလေ ကြိုက်တယ်ဆိုတာ ပြောခွင့်မှမရှိတာ။
ငါဒီတိုင်းလေး သူ့ကိုချစ်နေရ ရင်တော်ပါပြီ ''

ချယ်ရီ မခံစားနိုင်တော့မှန်း ဟိန်းဇေတို့  သိနေခဲ့သည်မှာပါ အတော်ကြာပြီ။ သူငယ်ချင်း မို့ သံယောဇဥ်တွေကြောင့်သာရှေ့ဆက်နေရသည်။ အချစ်တစ်ခုဖြစ်တည်လာဖို့ကိုတော့ ချယ်ရီ မတောင်းတရဲခဲ့။ မိန်းကလေးဖြစ်နေခဲ့တဲ့ချယ်ရီ ဘက်က စဖွင့်ပြောရလောက်တဲ့ထိ ချယ်ရီ အိန္ဒြေ မဲ့မနေခဲ့ပါ။

သူငယ်ချင်း သံယောဇဥ်ဆိုသည်မှာလည်း ကြာလာလေလေ ပိုလာလေလေ ပဲ မဟုတ်လား။ ချယ်ရီဘက်က လွန်းအကြောင်း သိသူမို့ လမ်းစပျောက်နေရသည်။

လွန်းတစ်ခါမှ ရည်းစားမထားခဲ့တာကြောင့် ချယ်ရီ့အတွက်ပို၍ပင်အခက်တွေ့နေရသည်။

'' ကဲကဲ လွန်းလာပြီ ဟိုမှာ ''

ချယ်ရီနဲ့ဟိန်းဇေတို့လည်းစကားပြောကောင်းနေ၍ လွန်းလာမှ စကားများရပ်တန့်သွားတော့သည်။

🦋ကျွန်တော့်ရဲ့မောင်🦋        🦋ကျွန်တော့်ရဲ့မောင် 🦋Where stories live. Discover now