ကိုယ်တိုင်ကြုံဖူးမှ ခံစားတတ်တာတဲ့
ကိုယ်တိုင်ကြုံရတော့လည်း တော်တော်ခက်သား။ဘာတွေဖြစ်လို့ဘယ်လိုရှေ့ဆက်ရမလဲမသိဘူး။
အချစ်ကို ကိုးကွယ်တယ်လို့ကို့ကိုမပြောပါနဲ့။
ကိုယ်ကအချစ်ကိုရယူခြင်းလို့မသတ်မှတ်ဖူးဘူး။
ဒါကြောင့် မင်းမချစ်နိုင်တာသိလို့ လက်လျော့လိုက်မိတယ်။
ကိုယ့်ရဲ့ညမချစ်သူကိုလုယူရတဲ့ထိတော့ ကိုယ်မမိုက်မဲပါဘူး။
ညီသဘောကျလာဖို့လည်းမလိုသလို၊ကြိုးလည်းမကြိုးစားချင်တော့ဘူး။
ညီနားလည်လာဖို့ကြိုးစားရမှာကပိုခက်တယ်ထင်တယ်။
ယောကျာ်းတန်မဲ့ ညီစော်ကားသမျှခံလာခဲ့ရတာက ညီစိတ်တိုင်းကျပြောဆိုခွင့်ပါပဲ။ကိုယ့်ကိုမုန်းပါတယ်ပြောတဲ့သူကို မမုန်းပါနဲ့လို့ကိုယ်မှ မတားနိုင်ပဲ။မုန်းတဲ့သူကတော့မုန်းရတာကိုကြိုက်နေမှာပဲမလား။
ဒီလိုဆိုမှတော့ ညီကြိုက်သလောက်မုန်းလိုက်စမ်းပါ။
မင်းရဲ့ မုန်းတီးမှု့တွေကိုကိုယ်ခွင့်လွှတ်နိုင်ပါတယ်။''ကိုကို ငယ်တောင်းပန်ပါတယ်။ ''
''ရတယ် မိငယ်မတောင်းပန်နဲ့ မိငယ်အမှားမှမဟုတ်တာ ကိုကိုတို့ယောကျာ်းချင်းဖြစ်လေ့ဖြစ်ထရှိတဲ့သဘောပဲ''
''သူတအားလွန်တယ်ဆိုတာ ငယ်သိတယ်။ပြီးတော့ ကိုကိုရဲ့ဖြစ်တည်မှု့ကိုသူက လှောင်နေတာ။ငယ်ကတော့သူ့ကိုလုံးဝမကျေနပ်နိုင်ဘူး ''
''မဟုတ်တာပဲ မိငယ်နဲ့မှမဆိုင်ပဲ မိငယ်တို့ရည်းစားနှစ်ယောက်ပြေလည်အောင်နေသင့်တယ်။ပြီးတော့ လည်းအခုကိစ္စကိုအရမ်းကြီးစိတ်ထဲမထားနေနဲ့ ဒါက ကိုကိုကြုံနေကျပြသနာပဲ ဘာမှမဟုတ်ဘူး ''
''ဒါပေမဲ့ ''
ငယ်သိတာပေါ့။ကိုကိုက မင်းဆက်ကိုချစ်နေတာလေ။
ကိုကို 10 တန်းနှစ်မှာ ငယ်တို့က 8 တန်းပဲရှိသေးတာလေ။ ကိုကိုကောင်လေးတစ်ယောက်ကိုကြိုက်နေတယ်ဆိုတာလည်းသိခဲ့တယ်။ကိုကိုကောင်လေးတစ်ယောက်နဲ့ပြောနေတာကြားခဲ့ဖူးတယ်။အဲ့သူက ဘယ်သူလဲတော့ ငယ်မသိဘူး။ ကိုကိုရဲ့ဗီဒိုထဲမှာ ကိုကိုသိမ်းထားတဲ့ပုံကိုတွေ့ခဲ့တယ်။ဒါတွေကကြာသွားပီမဟုတ်ဘူးလားလို့ငယ်ထင်ခဲ့တာ။ ပုံထဲက ကောင်လေးကိုငယ်သိပ်မှတ်မိတာပေါ့။ အဲ့ကောင်လေးက ငယ့်ရဲ့ကောင်လေးပဲလေ။ ကိုကို3 နှစ်လောက်ကြိုက်နေခဲ့ရတဲ့သူက မင်းဆက်တဲ့လား။ ကောင်လေးတစ်ယောက်တည်းကို မောင်နှမနှစ်ယောက်ကသဘောကျမိရတယ်တဲ့လား။
ကိုကိုဘာကြောင့်ဖုံးကွယ်ထားရလဲဆိုတာ ငယ်သိပါတယ်။ကိုကို gay နေတာ ကိုငယ်တို့အားလုံးသိခဲ့ကြလို့လေ။ ကိုကိုငိုနေခဲ့တာကိုမြင်မိတယ်။
ကိုကိုဘာကြောင့်ဒီလိုကောင်လေးတွေကိုသဘောကျရတာပါလဲလို့မေးချင်တယ်။ ငယ်ကကိုကိုချစ်တဲ့သူကိုအရင်ပိုင်ဆိုင်သွားပေမဲ့ ကိုကိုကတော့မြိုသိပ်ထားခဲ့တုန်း။ ငယ်နဲ့မင်းဆက်ကိုသာကိုကိုတွဲမြင်နေရ ရင်ကိုကိုဘယ်လောက်ခံစားနေရမလဲ။ပြီးတော့ ငယ်တို့သာတကယ်ယူဖြစ်ခဲ့ရင်ကိုကိုက သူ့ကိုငယ်ရဲ့ယောကျာ်းအဖြစ်နဲ့ဘယ်လိုရင်ဆိုင်မလဲ။ဟုတ်တယ်မလား။နောက်ဆုတ်ရိုးဆုတ် ကိုယ်ကသာဆုတ်ပစ်လိုက်ချင်တယ်။ ဒါဆို နောက်ဖြစ်လာမဲ့အရာတွေကိုအခုထဲကရှင်းပစ်နိုင်မယ်လို့ငယ်ထင်တယ်။ကိုကိုတို့တွဲဖြစ်ဖြစ်မဖြစ်ဖြစ်ငယ်ကတော့ သူ့ကိုစွန့်လွှတ်ပစ်ရမယ်။အခြေအနေက ကိုကိုသာသူ့ကိုမကြိုက်ခဲ့ရင်ကောင်းသားကိုတွေးမိပေမဲ့
ဒါကတားဆီးလို့ရတဲ့အရာမှမဟုတ်တာ။
YOU ARE READING
🦋ကျွန်တော့်ရဲ့မောင်🦋 🦋ကျွန်တော့်ရဲ့မောင် 🦋