အပြုံးတစ်ချက်က ခံစားချက်ပေါင်းတစ်ထောင်ကိုဖုံးကွယ်ထားတာလည်းဖြစ်နိုင်တာပဲ။
အမြဲလိုလိုပြုံးပြနေတဲ့သူတစ်ယောက်အတွက် ဘယ်နှစ်ကြိမ် လောက်ထိ ငိုကြွေးဖူးပြီလဲမသိ။ဘယ်တုန်းကလဲငါမသိ။ ဘယ်ချိန်လဲငါမသိ။ ငါစိတ်အလိုမကြတိုင်းငါလုပ်ချင်တာငါလုပ်တယ်။
ဒါပေမဲ့ လည်း ငါ့စိတ်ကိုအစိုးရသွားတဲ့ကောင်လေးတစ်ယောက်ကို နေ့မအိပ်ညမအိပ်လွမ်းနေရလို့ရယ်။
သူကတော့သိနိုင်မယ်လို့ငါမထင်မိတာအမှန်။ဒီလိုနဲ့ငါသူ့ကိုဖွင့်ပြောမိသွားတယ်ဆိုပါတော့။ နောက်တစ်နေ့ကျောင်းသွားရင် ငါ့မှာအလိုလိုပျော်လာခဲ့တယ်။ စိတ်ကစားတဲ့အရွယ်ကောင်းဖြစ်ပေမဲ့ ချစ်မိတာတော့အတည်ပဲထင်မိပါရဲ့။
ခွန်းဒီပါမောင် ။
'' ကျောင်းကြီးကိုလွမ်းတာကွာ အခုမှပဲမင်းတို့နဲ့ပြန်ဆုံရတယ်။ ''
ပြောလာသူကစည်သူ ပါ။ ကျနော်နဲ့အမြဲအဆက်သွယ်ရနေတဲ့သူငယ်ချင်းမျိုးတော့မဟုတ်ပါလေ။
ကျောင်းပိတ်ခဲ့တာ နှစ်လတာမျှကြာခဲ့ပြီ။
အချိန်တွေလည်း နှောင်းကုန်ပိီထင်ပါရဲ့။ကျနော့်ချစ်ခြင်းလေးက အခုထိပေါ်လာနိုးနဲ့ ကျနော့်ကိုအဆက်သွယ်မလုပ်ပဲနေတာ ဒီနေ့နဲ့ဆို တစ်ပတ်နဲ့ တစ်ရက်တောင်ရှိပြီ။
ဘာအကြောင်းတွေကြောင့်ရယ်လို့ကျနော်ကိုသူမပြော။ ကျနော်လည်းမမေးမိ။'' ဟေ့ကောင် ငါပြောတာကြားလား ''
ဟုတ်ပါတယ်ကျနော်မကြားပါ။ ကျနော် အတွေးလွန်နေခဲ့တယ်။ ကျနော် မအိပ်ရတဲ့ညတွေလည်းများခဲ့တယ်။ ကျောင်းပိတ်တာကိုကျနော်မကြိုက်ဘူး။
တစ်ယောက်တည်းဆိုတဲ့စကားလုံးက ကြည့်လို့လည်းမလှပါဘူး။
တော်တော်လည်းအထီးကျန်ဆန်စေတယ်။'' ဘာပြောလိုက်တာလဲ ''
'' ဘာမှမဟုတ်တော့ဘူး ဟေ့ကောင် ဒါနဲ့ မင်းကိုမေးစရာရှိတယ်။ ''
'' ပြော ''
'' သူရိန်ပြောတဲ့တစ်ယောက်ကိုမင်းတွေ့ဖူးတယ်မလား ။ ''
YOU ARE READING
🦋ကျွန်တော့်ရဲ့မောင်🦋 🦋ကျွန်တော့်ရဲ့မောင် 🦋