ချစ်ပေမဲ့ လက်လွှတ်လိုက်တာ ပိုအဆင်ပြေပါတယ်။
'' ဘာ ငယ် ပြောစမ်း နင်အခုတစ်လော ဘာဖြစ်နေတာလဲ ငါ့ကိုရှောင်နေတာ ''
'' ငါ့အကိုသိသွားပြီ ငါတို့အကြောင်း ငါရှောင်နေမှ ရမယ် အကိုကနင့်ကိုသိတယ်တဲ့ ''
လရိပ်ငယ် တစ်ယောက်မင်းဆက်ကိုလမ်းခွဲဖို့အတွက်
စကားထိုးဆင်နေခဲ့သည်။'' နင့်အကို နင့်ဟာကလည်း အကိုကြောင့်နဲ့ငါ့ကိုအဆက်သွယ်ဖြတ်ပြစ်မယ်ပေါ့လေ ''
'' ဟုတ်တယ် ငါနင့်ကို မချစ်တော့ဘူးထင်တယ်။ ပြီးတော့ငါတို့ငယ်ပါသေးတယ်ဟာ နင်လည်းအသစ်တွေ့မှာပဲဟာ စိတ်မပူပါနဲ့။ ''
''ရတယ် ဒီလိုလုပ်လို့နင်ရမယ်မထင်နဲ့ ''
'' ပြီးတော့ငါတို့အိမ်ရောင်းတော့မှာ ။ငါ့အကိုတို့နဲ့ သွားနေရတော့မှာ ''
'' လရိပ်ငယ် နင်တကယ်ပဲငါ့ကိုထားသွားတော့မှာလား''
'' မထားသွားချင်ပါဘူး။ အခုဟာက ငါတို့တွေ အရင်လိုတွေ့လို့မဖြစ်တော့ဘူး ငါနောက်ပိုင်းမအားတော့လို့ ''
''နင့်အကိုကြောင့်လား နင်အခုလို လုပ်နေရတာ လရိပ်ငယ် နင်ငါ့ကိုထားမသွားပါနဲ့ ငါနင်ကိုပဲချစ်တာ ''
'' ငါသိပါတယ် အခု ငါမအားတော့လို့ ''
'' လရိပ် ငယ် လရိပ် ''
ဖုန်းချသွားပြီ။ တွေ့ရမယ် အကိုဆိုတဲ့သူကိုတွေ့ရမယ် ။ သူ့ကြောင့်လရိပ်ငယ်ဆီက ဒီလိုစကားတွေကြားနေရတာ ။ လရိပ်ငယ်က ဘယ်တုန်းကမှ ငါ့ကို မေ့ပြစ်မဲ့သူမဟုတ်ဘူး။ သူရဲ့အကိုကြောင့်ပဲ ။ ငါရင်ဆိုင်ပြမယ် ။
''ဘာတွေဒေါသထွက်နေတာလဲ စောစောစီးစီး ''
လွန်းဆက်ပိုင် ကျောင်းသွားဖို့ဆင်းလာစဥ်
အောက်ထပ်မှ ညီဖြစ်သူမင်းဆက်ရဲ့ ဒေါသလွှမ်းနေတဲ့မျက်နှာကို
တွေ့ရတော့သည်။'' ကောင်မလေးက လမ်းခွဲဖို့ပဲပြောနေတယ် ကျနော် ဘာလုပ်ရမှန်းမသိဘူး။ သူ့အကိုကြောင့်တဲ့လေ ။ အဓိပ်ပါယျမရှိတာ ။ ကျနော့်ကိုလမ်းခွဲဖို့တစ်ခါမှမပြောဖူးတဲ့သူက သူ့အကိုကြောင့်လမ်းခွဲမယ်ပဲပြောနေတယ် ''
YOU ARE READING
🦋ကျွန်တော့်ရဲ့မောင်🦋 🦋ကျွန်တော့်ရဲ့မောင် 🦋