8

1.3K 231 5
                                    

ဒီအပိုင်းအတွက်Zhang Xingကတော့ဒီသီချင်းလေးကို Recommend ပေးချင်ပါတယ်။


Unicode

ဘတ်ခ်ဟွန်းဘက်ကသာချစ်တာပါ။သူမကဘတ်ခ်ဟွန်းကိုမချစ်လောက်ပါဘူးဆိုပြီးချန်းယောလ်ကိုယ့်ကိုကိုယ်ဖြေသိမ့်ထားခဲ့သည်။ဘတ်ခ်ဟွန်းကျောင်းပြန်တက်နေတာ တစ်လကျော်နေပြီဖြစ်သည်။

ဘတ်ခ်ဟွန်းကိုတစ်ခါတလေသွားတွေ့ရင် ဆေးနံ့ဆွဲနေတဲ့ဂျူတီကုတ်အဖြူလေးနဲ့သူကကျောင်းကန်တင်းထိလာတွေ့သည်။

ဒီနှစ်မှာတော့ ခါအီနဲ့ဆေးရုံတစ်ခုထဲHSကျဖို့သူ့အဖေကိုပြောထားသည်တဲ့လေ။စာတွေကျက်ရလွန်းလို့ ညစာစားပြီးတာတောင်ညလယ်လောက်မှဗိုက်တစ်ခေါက်ထပ်ဆာတတ်​သည်ဆိုတဲ့အကြောင်းကိုလဲပြော​ခဲ့သေးသည်။စက်တင်ဘာလထဲကစထိုးခဲ့တဲ့ချည်လုံးလေးက နိုဝင်ဘာလလယ်လောက်ရောက်တော့ပြီးတော့မည်ဖြစ်သည်။နေ့နေ့ညညချည်ထိုးနေလို့ ကန်းတော့မယ်လို့​ခါအီကတွေ့တိုင်းပြောသည်။

သူ့ဆီကိုသွားတွေ့မယ်လို့စဥ်းစားထားပေမယ့် သူ့ရဲ့ငါ့ဒီနေ့မအားဘူးဆိုတဲ့စကားကြောင့်အိမ်မှာသာချည်ဆက်ထိုးနေလိုက်သည်။ဘတ်ခ်ဟွန်းအတွက်ဆိုပြီးစဥ်းစားလိုက်သမျှအရာရာအဖိုးတန်တာမို့ ချန်းယောလ်ဆွယ်တာအဖြူလေးကိုလဲတန်ဖိုးထားသည်။

တစ်ခါတလေ အတွေးလွန်တဲ့ညတွေရှိတယ်။သူ့နှလုံးသားဆီဘယ်လိုသွားမှရောက်မလဲဆိုပြီးစဥ်းစားရင်းအိပ်မပျော်တဲ့ညတွေပေါ့

ကိုယ်ကသူ့အတွက်ဆိုအရာရာကာကွယ်ပေးချင်တယ်။သူက ကိုယ့်အကူအညီမရှိလဲရှင်သန်နိုင်တဲ့ပန်းလေးလိုပဲ။သူ့ကိုတယုတယပြုစုပေးနိုင်တဲ့လူတွေရှိသည်။ကိုယ့်အဖြစ်က သူများအိမ်ကဂရုမစိုက်ပဲအပစ်ထားခံရတဲ့ပန်းလေးကိုမှကရုဏာထားပြီးပြုစုပေးချင်နေတဲ့လူလိုပဲ...

ဟို​နေ့ကချန်းယောလ်မျက်စိကမျက်ရည်ပူတွေကျလာပြီးမျက်ရိုးတွေကိုက်ခဲလာသည်မို့ဆရာဝန်ဆီသွားပြတော့

Setsunai[COMPLETED]Where stories live. Discover now