23

1.8K 205 1
                                    

Unicode

ကျွန်တော်အဲ့ဒီနေ့ကအရမ်းရှက်သွားခဲ့ရသည်။သူ့ကိုကိုယ်စနမ်းခဲ့ရလို့မဟုတ်ဘဲ အနမ်းခရီးအရှည်ကြီးအပြီးမှာသူပြောလာတဲ့စကားတစ်ခွန်းကြောင့်

***ဆောတီးဘတ်ခ်ဟွန်း...ငါမင်းကိုထပ်မချစ်တော့ဘူးလို့ကိုယ့်ကိုကိုယ်ကတိပေးထားပြီးပြီ***

ဆိုတဲ့သူ့ရဲ့စကားတစ်ခွန်း ။ အဲ့ဒီစကားလေးတစ်ခွန်းထဲကြောင့် လူနာတွေကိုဆေးမှားပေးရတာနဲ့ ဂျူတီချိန်မှာတွေတွေဝေဝေကြီးထိုင်နေမိတာနဲ့ အစည်းအဝေးထဲမှာဘာမှလိုက်မမှတ်ဘဲပြန်ထွက်လာရတာနဲ့ ထမင်းစားတဲ့အခါ ဟင်းထည့်တဲ့​နေရာမှာ တန်းစီဖို့မေ့နေတာတို့ဖြစ်နေတတ်သည်။ သူ့ဆီိကိုအခြားဆရာဝန်တစ်ယောက်နဲ့ချိန်းလိုက်မိသည်။ကျွန်တော်တကယ်ရှက်မိသွားတာလေးတစ်ခုထဲကြောင့် ဆရာဝန်မချိန်းသင့်မှန်းသိပေမယ့်လဲ ကျွန်တော်သူ့ရှေ့မှာမျက်နှာမပြရဲ...

"ဒေါက်တာဗြောင်..."

"ဒေါက်တာဗြောင်....!!!!"

"ဒေါက်တာ!!!!"

သူနာပြုမလေးရဲ့အော်သံကြောင့်ဘတ်ခ်ဟွန်းစာအုပ်ဖွင့်ပြီးမဖတ်ပဲငူငူကြီးထိုင်နေရာကနေ သတိဝင်လာခဲ့သည်

"ဗျာ..."

"သွားစရာရှိလို့ သူ့ဆီလာခဲ့ပါလို့ဆေးရုံအုပ်ကပြောခိုင်းလိုက်လို့ပါ"

"ဟုတ်ကဲ့ ကျွန်တော်သွားလိုက်ပါ့မယ်"

ဘတ်ခ်ဟွန်းက ဆေးရုံအုပ်သားဆိုတာကို ဆေးရုံကအရမ်းရင်းနှီးတဲ့သူတွေကလွဲပြီးအခြားသူတွေကမသိကြ။ဘတ်ခ်ဟွန်းကလဲ သူ့အဖေကိုဆေးရုံမှာဆို အထက်လူကြီးသဖွယ်လေးလေးစားစားရှိသည်မို့ထူးခြားမနေခဲ့

ဘတ်ခ်ဟွန်းဖတ်လက်စ စာအုပ်လေးကိုပိတ်လိုက်ပြီးချွတ်ထားတဲ့ဂျူတီကုတ်လေးကိုပြန်ဝတ်ကာ stethoscopeလေးကိုင်ပြီးထွက်လာခဲ့မိသည်။

"ဒယ်ဒီ!!!"

စာရွက်စာတမ်း​တွေပေါ်မှာ လက်မှတ်ထိုးနေတဲ့ဒယ်ဒီကိုဘတ်ခ်ဟွန်းရောက်ကြောင်းအသံပြုလိုက်သည်

"ထိုင် ဘတ်ခ်ဟွန်း"

ဒယ်ဒီက သူ့ရှေ့ကခုံလေးကိုထိုးပြရင်းပြောလာသည်

Setsunai[COMPLETED]Tempat cerita menjadi hidup. Temukan sekarang