36

1.6K 207 18
                                    

Unicode

ဘတ်ခ်ဟွန်းကအရင်အပတ်ကစပြီးဆေးရုံသွားတာနားထားတာဖြစ်ပြီး ဘတ်ခ်ဟွန်းရောချန်းယောလ်ပညဘတ်ခ်ဟွန်းမိဘအိမ်ကိုပြန်နေရသည်။ကျွန်တော်တို့နှစ်ယောက်ထဲဆို ကိုယ်ဝန်ဆောင်အတွေ့အကြုံမရှိတာမို့လရင့်လာတော့ ဘတ်ခ်ဟွန်းအမေနဲ့ပြန်နေတာအကောင်းဆုံးပဲလို့ဆုံးဖြတ်လိုက်သည်။ချန်းယောလ်လဲ ကုမ္ပဏီကိုတစ်ပတ်မှာသုံးရက်လောက်သာသွားပြီးအခြားရက်တွေက လိုအပ်တဲ့အစည်းအဝေးချိန်တွေကလွဲပြီးမသွားတာများသည်။ဘတ်ခ်ဟွန်းခန္ဓာကိုယ်လေးကခုတလာ နည်းနည်းလေးပြည့်လာသည့်အပြင်လက်ကလေးတွေဆိုလဲဖောင်းလို့။မျက်နှာလေးကအစ်နေတတ်သည့်အပြင် ခဏခဏထိုင်တာထတာတွေမလုပ်နိုင်။အရင်က သွတ်သွတ်လပ်လပ်ကောင်လေးက အခုတော့ဗိုက်ကလေးကိုကိုင်ကာလှေကားဘေးတန်းကိုအားပြုလို့အောက်ဆင်းနေရသည်။

"မာမီ...ချန်းပြန်လာပြီလား"

လှေကားက ဆင်းလာတဲ့ဘတ်ခ်ဟွန်းအသံကြားတော့ အမေဖြစ်သူကထိုင်နေရာကနေ ထလာပြီးလာကူတွဲသည်။

"မလာသေးဘူးသားရဲ့...ဘာလိုလို့လဲ မာမီကိုပြောလေ"

"သား အဆင်မပြေဖြစ်နေသလိုပဲ"

"ဟေ...ဘယ်လိုအဆင်မပြေတာလဲ..."

ဆိုဖာပေါ်မှာဖြေးဖြေးလေးထိုင်စေရင်းနဖူးပေါ်ကချွေးစလေးတွေကိုမာမီက တစ်ရှူးလေးနဲ့ယူသုတ်ပေးသည်။ဘတ်ခ်ဟွန်းအပေါ်ကနေ အောက်ထိဆင်းလာရတာကြောင့်ရော အသက်ရှူမဝတာကြောင့်ပါ အခုထိမောနေသေးသည်။

"အသက်ရှူရခက်နေတာ မာမီ..."

"ဟယ် ဆေးခန်းပြမလား"

"ရတယ် ရတယ်မာမီ...သား..ချန်းလာမှပဲ"

"မဟုတ်တာ...သူ့ကိုရုံးဆင်းရင်ဆေးရုံလိုက်ခဲ့ခိုင်းလိုက် လာ အခုသွားမယ်"

"ဟင့်အင်း...မာမီ...သူလာမှပဲ"

"ဖြစ်လို့လား"

"အင်း...ဖြစ်တယ်။ဖြစ်တယ်မာမီ...သူလာမှသွားတော့မယ်"

"ပြီးတာပဲ...ဒါဆို ခုတော့ ခြံထဲဆင်းပြီးလမ်းလျောက်လိုက်လေကောင်းလေသန့်ရတာပေါ့...မာမီလိုက်ပို့မယ်"

Setsunai[COMPLETED]Tempat cerita menjadi hidup. Temukan sekarang