24

1.9K 240 7
                                    

Unicode

ထမင်းစားဆောင်ကလူတွေက ဘတ်ခ်ဟွန်းကိုမြင်တော့ ပြုံးစိပြုံးစိနဲ့မို့ ဘတ်ခ်ဟွန်းပြန်ပြုံးပြရုံပဲတတ်နိုင်သည်။စီနီယာအမတစ်ယောက်က ဘတ်ခ်ဟွန်းအနားကိုရောက်လာပြီးဘတ်ခ်ဟွန်းရှေ့မှာ ထမင်းပန်းကန်လေးချရင်းဝင်ထိုင်လိုက်သည်။

"ဘတ်ခ်ဟွန်း"

"ဟုတ်ကဲ့"

"စပ်စုတယ်မထင်နဲ့နော် မေးစရာရှိလို့"

"ဟုတ်ကဲ့"

"ဟိုတစ်ပတ်ကဆေးရုံဆင်းသွားတဲ့VIP Room1ကလူနာနဲ့ ဘတ်ခ်ဟွန်းနဲ့က...ဟိုလေ"

"သူက ကျွန်တော့်အမျိုးသားပါ"

"ဟယ်!!!ဟုတ်လား"

"ဟုတ်ကဲ့"

"ဘယ်တုန်းထဲကလဲ"

"ကျွန်တော် HSဆင်းနေထဲကလက်ထပ်ထားတာပါ"

"အော် ဟုတ်လား။အွန်းအွန်း သဘောကျလို့မေးကြည့်တာ"

"ခင်ဗျာ"

"ဟုတ်တယ် အမကမင်းတို့နှစ်ယောက်ကိုလိုက်တယ်ဆိုပြီးသူ့ကိုစတွေ့ထဲကတွေးလိုက်မိသေးတယ်"

"ချန်းယောလ်ကိုဘယ်မှာတွေ့ဖူးတာလဲ"

"ဘတ်ခ်ဟွန်းချိန်းလိုက်တဲ့HSဆရာဝန်လေးကအမမောင်လေ ။သူ့ကိုသွားတွေ့ရင်းနဲ့ပဲတွေ့ဖြစ်တာ"

"အော် အွန်းဝူလေးကစီနီယာယိုရဲ့မောင်လား"

"ဟုတ်တယ်"

"ဒီလိုအချစ်ရေးကိုလက်ခံပေးလို့ကျေးဇူးတင်ပါတယ်"

"အို မဟုတ်တာပဲ ။ဒီခေတ်မှာ ယောက်ျားမိန်းမအချစ်တွေထပ် ဒါတွေကတောင်ပိုစစ်မှန်နေတာပဲ။လူလူချင်းချစ်ကြတာပဲလေ...ဘာဆန်းလို့လဲ..အမနားလည်ပါတယ်။အမလိုပဲ ဆေးရုံတစ်ခုလုံးကလဲနားလည်ကြပါတယ်။ဘတ်ခ်ဟွန်းအဲ့တာကိုစိတ်ထဲထားမနေနဲ့"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်"

---------------
အခုဆို မေလထဲရောက်နေပြီမို့ ရာသီဥတုကအိုက်စပ်စပ်နဲ့ နေရထိုင်ရတကယ်မကောင်း။Night dutyမလိုချင်လို့ သူများDutyဖြစ်တဲ့မနက်အစောကြီးမှာလဲ သွားနေရတာမိုလူကအခုတလောတကယ်ပင်ပန်းနေသည်။ဒီနေ့က မေလငါးရက်နေ့....

Setsunai[COMPLETED]Tahanan ng mga kuwento. Tumuklas ngayon