26

1.8K 226 4
                                    

Unicode

ဘတ်ခ်ဟွန်းက ကားပေါ်ရောက်ထဲက ချန်းယောလ်လက်ကလေးကိုကိုင်ထားသည်။

"ဘတ်ခ်ဟွန်း လက်ကိုလွှတ်ဦး"

"မလွှတ်ပါဘူး ငါကားအမြန်မောင်းရင်ကြောက်တတ်လို့"

"ငါအရှိန်လျော့ပေးမယ်...လွှတ်တော့"

ဘတ်ခ်ဟွန်းမလွှတ်ပေးခင် ချန်းယောလ်လက်ကလေးကိုအတင်းရုန်းထွက်လိုက်သည်။

ချန်းယောလ်ကိုအကြည့်လွဲသွားပြီး ကားမှန်ကနေ တစ်ဆင့်အပြင်ဘက်ကိုလှမ်းကြည့်နေတဲ့ဘတ်ခ်ဟွန်းကသေချာပေါက်စိတ်ဆိုးသွားတာဖြစ်မည်

ဟိုကိုရောက်တော့လဲချန်းယောလ်ကိုစကားမပြောပဲနေနေသည်။

"ဘတ်ခ်ဟွန်း"

"ဘာလဲ"

"လာ ငါစပျစ်သီးကောင်းတာလေးရွေးပေးမယ် လာစားလှည့်"

ချန်းယောလ်ဆွဲခေါ်ရာနောက်ကိုအတင်းပါလာရတဲ့ဘတ်ခ်ဟွန်းကချစ်စဖွယ်အတိကောင်းပါသည်။

ချန်းယောလ်ခူးပေးတဲ့စပျစ်သီးတွေကိုငြိမ်ငြိမ်လေးစားနေတဲ့ဘတ်ခ်ဟွန်းကလိုချင်တာရနေတဲ့ကလေးလေးလို

"ဘတ်ခ်ဟွန်း "

သဲသဲမဲမဲအစားကြူးနေတဲ့ကလေးက ချန်းယောလ်ကိုမော့ကြည့်လာသည်

"ကလေးလား မင်းက"

နှုတ်ခမ်းထောင့်မှကပ်နေတဲ့ စပျစ်ခွံအပိုင်းအသေးလေးကိုချန်းယောလ်ခွာပေးရင်းပြောသည်။

ဘတ်ခ်ဟွန်းရှက်သွားသည်ထင်ပါ့ ။ မျက်နှာလေးကိုရဲလို့...

"ကိုယ်တို့ပြန်ခါနီးကျရင်သွားစရာနေရာတစ်နေရာရှိသေးတယ်"

"ဟမ် ဘယ်လဲ"

"မကြာခင်သိရမှာပေါ့ "

------------

"ကိုယ့်ကိုစိတ်ဆိုးနေတုန်းလား"

"ငါဘယ်မှာစိတ်ဆိုးလို့လဲ"

"စိတ်ဆိုးနေလို့ ဒီကိုရောက်ထဲက စကားမပြောတာပေါ့"

"........."

"ကိုယ့်မျက်နှာလဲ ကိုယ်ပြန်ကြည့်ဦး။မျက်မှောင်ကြီးကကျုံပြီး နှုတ်ခမ်းကြီးကဆူထားတာ မသိရင် ဝက်နှုတ်ခမ်းကြီးကျနေတာပဲ"

Setsunai[COMPLETED]Where stories live. Discover now