27

1.8K 228 24
                                    

Unicode

ခါအီရဲ့စောင့်ရတာကြာတယ်ဆိုတဲ့ဩဝါဒတွေနားထောင်အပြီးမှာတော့ မှာထားတဲ့ဟင်းတွေရောက်လာခဲ့ပါသည်။

"ဝါး...အနံ့လေးကမွှေးနေတာပဲ"

ဟင်းပွဲတွေဆီ လက်မလှမ်းခင်ဘတ်ခ်ဟွန်းရဲ့ရှည်နေတဲ့အင်္ကျီလက်ကလေးကိုခေါက်တင်ပေးရသေးသည်။

"ဘာစားမလဲ ဘတ်ခ်ဟွန်း "

"ဟိုဟာ...."

ငါးအသားလွှာဘက်ကိုလက်ညိုးထိုးပြလာတဲ့ဘတ်ခ်ဟွန်းကြောင့်ချန်းယောလ်သူ့ပန်းကန်ထဲဟင်းထည့်ပေးလိုက်သည်။

"ခဏလေးနော် ဟင်းရည်ကပူသေးတယ်။ကိုယ်အအေးခံပေးမယ်။အဲ့တာအရင်စားထားနှင့်"

ဘတ်ခ်ဟွန်းအတွက်တစ်ရှူးနှစ်ရွက်လောက်အဆင်သင့်ထုတ်ထားပေးပြီးသားဖြစ်သည်။

"ပတ်ချန်းယောလ်"

ခါအီခေါ်သံကြောင့်ချန်းယောလ်ဟင်းရည်တစ်ခွက်နဲ့အလုပ်ရှပ်နေရာကနေ မော့ကြည့်လာသည်။

"သူကလေ မင်းနဲ့မယူခင်လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်ကျော်ထဲက ခြေအစုံလက်အစုံနဲ့မွေးလာတာနော်"

"အေး ငါသိတယ်လေ"

"အော် မသိဘူးထင်လို့ပြောနေတယ်ထင်နေလား။သူလဲသူ့ဘာသာသူစားတတ်ပါတယ်ကွာ။အကဲမပိုစမ်းပါနဲ့"

"မပိုပါဘူး...ဟင်းရည်ကအရမ်းပူနေလို့လေ"

"အေးအေး မပြောတော့ဘူး စိတ်ကြိုက်သာလုပ်ကြတော့"

ထမင်းစားနေတဲ့ဘတ်ခ်ဟွန်းက ချန်းယောလ်နဲ့ခါအီကိုကြည့်ရင်းခိုးရယ်နေသေးသည်။

ဘတ်ခ်ဟွန်းအတွက်ဆိုရင် ဘယ်သူတွေဘာပြောပြော ကိုယ်ကလုပ်ပေးချင်မိသည်။ဘတ်ခ်ဟွန်းလိုတိုင်းရှိပေးမယ့် ဘတ်ခ်ဟွန်းအနားကတစ်ယောက်သောသူဖြစ်ချင်ခဲ့တဲ့ဆန္ဒတွေက တစ်နှစ်နှစ်နှစ်တည်းမှာမဟုတ်တာပဲ

"ချန်း..."

"ဟမ်...."

"ရေသောက်မယ်..."

ချန်းယောလ်ရေဗူးကိုအမြန်ဖွင့်ပြီးဖန်ခွက်ထဲထည့်ကာဘတ်ခ်ဟွန်းကိုတိုက်ရသေးသည်။

Setsunai[COMPLETED]Waar verhalen tot leven komen. Ontdek het nu