Extra*2*

2K 196 10
                                    

Unicode

"တစ်စိတ်လောက်ဒီက ကလေးမက ... ကျွန်တော့်အမျိုးသားကိုဘာလို့အတင်းဆွဲနေတာလဲဗျ"

ချန်းယောလ်အသံကြောင့် လန့်ကာလက်ကိုလွှတ်လိုက်တဲ့ကလေးမလေးက သူ့သူငယ်ချင်းတွေရဲ့အနောက်ကိုဝင်ကာ ခန္ဓာကိုယ်လေးကိုကွယ်လိုက်သည်။

ဘတ်ခ်ဟွန်းလည်းချန်းယောလ်အနားသွားလိုက်ရင်း

"လာပါ...ချန်းရယ်။ဒါက ဟွန်းတို့အတန်းထဲက တပည့်မလေးတွေပါ။စာမေးဖို့ဖုန်းနံပါတ်တောင်းနေတာပါ"

ကောင်မ​လေးတွေက ခေါင်းကိုအဆက်မပြတ်ငြိမ့်ပြရင်းဘတ်ခ်ဟွန်းစကားကိုထောက်ခံသည်။

"ဘာ!!"

ချန်းယောလ်ရဲ့အံ့သြသံအဆုံး ကောင်မလေးတွေကနောက်ကိုတောင်ဆုတ်သွားရသည်

"ငါတို့လဲ တက္ကသိုလ်တက်ဖူးပါတယ်။အဲ့လိုဆရာ ဆရာမတွေကိုအတင်းကြီးဆွဲပြီးဖုန်းနံပါတ်တော့တောင်းဖူးပါဘူးဗျာ။ဒီမယ် ကလေးမတွေ စာဆိုတာ အတန်းထဲမှာနားလည်အောင်လုပ်ခဲ့ရင် ဘာမှဆရာ့ဖုန်းနံပါတ်မလိုဘူး"

"ဟုတ်..ဟုတ်ပါတယ်။ဒါမယ့် အခြားလူတွေလဲ ဆရာ့ဖုန်းနံပါတ်တောင်းနေတော့ ညီမတို့လဲ လိုချင်...."

"အဲ့ဒီအခြားသူတွေကိုပြောလိုက် စာမေးဖို့ကလွဲပြီးဖုန်းမဆက်ပါနဲ့လို့။တီတီတာတာပြောချင်ရင် ကိုယ့်ဘာသာအဖြစ်ရှိအောင်လုပ်ပြီးရည်းစားထားလို့...ဆရာဗြောင့်မှာ သူ့ယောက်ျားနဲ့သူ့သားရဲ့အလုပ်တွေရှိသေးတာမို့ အားအားယားယားတော့မဆက်နဲ့လို့ ကြားလား။အဲ့လိုပြောလိုက်"

"ဟုတ် ဟုတ် ကဲ့ ပြောလိုက်ပါ့မယ်။ညီမတို့ကိုခွင့်ပြုပါဦး"

ခါးကိုင်းကာ အရိုအသေပေးသွားတဲ့ကလေးမတွေက ချန်းယောလ်ရှေ့က တစ်ချိုးတည်းလစ်​ပြေးတော့သည်။

မျက်မှောင်ကြီးကြုံကာ ဆူပုပ်ပုပ်နဲ့ကားပေါ်တက်သွားတဲ့ အမျိုးသားက အူတိုနေတာ သေချာပါသည်။

ဒုန်း!!

ဘတ်ခ်ဟွန်းလဲကားပေါ်အမြန်လိုက်တက်လိုက်ရင်း

"ကားတံခါးပိတ်သံက ​ကျယ်လိုက်တာချန်းရယ်"

"ကျွန်တော်က နုနုညံ့ညံ့လေးတွေမလုပ်တတ်ဘူးလေ။အဲ့လိုမလို့ ဒီဘက်ကဆရာကမချစ်တော့ရင်လဲရပါတယ်"

Setsunai[COMPLETED]Место, где живут истории. Откройте их для себя