34

1.7K 220 10
                                    

Unicode

ဘတ်ခ်ဟွန်းချန်းယောလ်နဲ့အတူတဆေးရုံသွားပြီးပြမယ်ဆိုမှပဲ နိုင်ငံခြားခရီးစဥ်မဖြစ်မနေသွားလိုက်ရသည်။တစ်ပတ်လောက်ပဲကြာမယ်ဆိုလို့သူပြန်လာမှပဲ ပြတော့မယ်လို့ဆုံးဖြတ်ထားသည်။သူမရှိတဲ့အပြင် ခုတလော ဂျူတီတွေနဲ့မို့ ဟင်းမချက်ဖြစ်။အပြင်ကဝယ်စားပြန်တော့လဲအရသာမရှိ။စားပြီးရင်လဲဗိုက်ထဲအဆင်မပြေ။ဒါပေမယ့် ဒီနေ့ကသူပြန်လာမယ့်နေ့။ဘတ်ခ်ဟွန်းရော သူပါမအားတာမို့ခရီးသွားတဲ့ရှစ်ရက်လောက်အတွင်းသုံးခါလောက်သာစကားပြောဖြစ်သည်။ကိုယ့်ဘက်မှာနေ့ဘက်ဖြစ်နေရင်သူတို့ဘက်မှာအိပ်ချိန်ဆိုတော့လေ။

"ဒါဆိုညီမ မနက်ဖြန်ဆေးရုံဆင်းလို့ရပြီနော်။ဆေးရုံဆင်းလက်မှတ်ကိုတော့ ညနေဒီသူနာပြုအမ လာပေးလိမ့်မယ်"

ဘတ်ခ်ဟွန်းသူ့နောက်မှာပါလာတဲ့သူနာပြုဆရာမလေးကိုလက်ညိုးထိုးပြတော့ လူနာကောင်မလေးက ခေါင်းငြိမ့်ပြသည်။

"ဒါဆိုကျွန်တော့်ကိုခွင့်ပြုပါဦး"

လူနာအခန်းထဲကထွက်လာပြီး ခေါင်းကသိပ်မကြည်တဲ့အပြင် ဘာမှမစားပဲ ပျို့တက်နေသည်။

"သား..."

"ဗျာ...ဒယ်ဒီ"

ဆေးရုံအောက်ထပ်မှာဒယ်ဒီနဲတွေ့သည်

"နေရောကောင်းရဲ့လား...ချွေးစေးတွေဘာလို့ပျံနေတာလဲ"

ဒယ်ဒီက ပခုံးကိုပုတ်ပြီးပြောတော့

"ကျွန်တော်နေကောင်းပါတယ်။ဒီတိုင်းနည်းနည်းပင်ပန်းနေလို့"

"အော်...ဆရာဝန်ဆိုတာဂျူတီတွေဆက်သွားရင်ဒီလိုပဲဖြစ်နေကျပါကွာကြိုးစားထား"

ဘတ်ခ်ဟွန်းခေါင်းငြိမ့်ပြတော့ ဒယ်ဒီက

"ဒါနဲ့ ချန်းယောလ်ပြန်ရောက်နေပြီ။ရုံးမှာလုပ်စရာအလုပ်တွေရှိနေသေးလို့လေဆိပ်ကနေ ရုံးကိုတန်းသွားတယ်လို့ မင်းအမေကပြောတယ်"

"ဟုတ် ဟုတ်"

"ဒါဆို ဒယ်ဒီသွားပြီ ဟိုဘက်ဆေးရုံမှာအစည်းအဝေးတက်ရမှာမလို့။ဂျူတီပြီးရင်ပြန်တော့နော်"

Setsunai[COMPLETED]Donde viven las historias. Descúbrelo ahora