6

1.3K 252 7
                                    

Unicode

"စားပါဆို...မြုံစိမြုံစိနဲ့"

"စားနေတာပဲလေကွာ..."

ခါအီကချန်းယောလ်ကို စားပွဲပေါ်က ဟင်းတွေတခုခုပြီးတစ်ခုထည့်ပေးနေသည်။

"စားနေတာကိုက အားမရဘူး။ပိတ်ထားတဲ့ဆိုင်ကိုချောကလက်သွားဝယ်တုန်းက ဒီအခွက်မဟုတ်လောက်ဘူး"

"ဟက်ချိုး...."

"သေလိုက် မသနားဘူး။ငါသိနေတယ်နော် ပတ်ချန်းယောလ်"

"ဘာတုန်း မင်းကဘာကိုသိတာတုန်း"

ချန်းယောလ်ထမင်းကိုတူနဲ့ဟိုမွှေလုပ်နေရင်းကနေ​ခွန်းတုံ့ပြန်မိသည်။

"ငါနဲ့မင်းပေါင်းလာတာ ငါးနှစ်သားထဲက ။နှစ်၂၀လောက်ရှိတော့မယ်။ဘာတွေလာဖုံးနေတာတုန်း"

"........"

"ပတ်ချန်းယောလ် ချစ်လို့အလိုလိုက်တယ်ဆိုတာ ဇာတ်ကားထဲမှာပဲကြည့်ကောင်းတယ်နော်။အပြင်မှာက ဇာတ်မျောကြီးဖြစ်နေမယ်"

"မင်းကလဲကွာ...."

"ပြောလိုက်ရင် မင်းကလဲ မင်းကလဲနဲ့ ငါကပဲလူဆိုးကြီးဖြစ်တယ်"

"........"

"မင်းအဒေါ်ဆီ​ကိုဘယ်တော့သွားမလဲ ချန်းယောလ် "

တစ်နှစ်တစ်ခါသွားနေကျ အဒေါ့်ရဲ့အုတ်ဂူလေးဆီကိုဒီနှစ်တော့ ဆောင်းဝင်နေတာတောင်ချန်းယောလ်မရောက်ဖြစ်သေး

"သဘက်ခါလောက်သွားမလားလို့"

"ဘယ်လောက်ကြာကြာနေမှာလဲ..."

"နှစ်ရက်လောက်ပေါ့"

"အေးအေး...ထမင်းစားတော့...ငါဆေးသွားဝယ်ဦးမယ်။ကုန်အောင်စား​နော် သွန်ပစ်ရင်ငါနဲ့တွေ့မယ်"

ထမင်းစားချင်စိတ်မရှိပေမယ့် သွန်ပစ်ဖို့ကလဲမဖြစ်တာမို့ နည်းနည်းချင်းစားနေရသည့်အဖြစ်။

တီး​တောင်

"ဒီကောင်တော့ တံခါးတောင်မဖွင့်တတ်တော့ဘူးလား"

ခါအီကိုပြောပြောဆိုဆိုနဲ့ထသွားပြီးတံခါးဖွင့်ပေးလိုက်တော့

"ချန်းယောလ်..."

ဟင်....ဘတ်ခ်ဟွန်း

"ဘတ်ခ်ဟွန်း ဘယ်လိုရောက်လာတာလဲ"

Setsunai[COMPLETED]حيث تعيش القصص. اكتشف الآن