10

1.4K 227 3
                                    

Unicode

***ချန်းယောလ် ဘတ်ခ်ဟွန်းနဲ့လာနေပေးလိုက်ဦး...ငါကအ​မေခေါ်နေလို့အိမ်ပြန်ရတော့မယ်***ဆိုပြီးဆိုင်လိပ်စာနဲ့အတူMessgaeပို့လာတဲ့ခါအီ

အမောတကောနဲ့ရောက်သွားတော့စီးကြိုနေတဲ့မြင်ကွင်းကမရှမလှ။ဆိုဂျုးအခွံခြောက်ပုလင်းအပြင်ဘေးမှာမဖောက်ရသေးတဲ့ဆိုဂျူးပုလင်းက လေးခုလောက်ရှိသေးသည်။

"ညနေထဲကဘာဖြစ်တာလဲဆိုတာလဲမေးမရဘူး။မင်းအကောင်ကိုမင်းဘာသာမင်းသာကြည့်လုပ်တော့"ဆိုပြီးခါအီပြန်သွားသည်

"ဘတ်ခ်ဟွန်း...ဘတ်ခ်ဟွန်း"

"ဟင်....."

မပီမသနဲ့ပြန်ဖြေသံအဆုံးမှာနောက်တစ်ခွက်သောက်ဖို့လှမ်းနေတဲ့လက်ကိုချန်းယောလ်ပုတ်ထုတ်လိုက်သည်

"ဘာလို့အများကြီးသောက်တာလဲ"

"စိတ်ညစ်လို့"

"စိတ်ညစ်တိုင်းအဲ့လိုသောက်ရလား။လူကိုကြည့်ဦး သေးသေးလေးနဲ့အများကြီးသောက်ထားရတယ်လို့"

အသံမာမာနဲ့ဆူလိုက်တော့ မျက်ရည်လေးအဝေ့သားနဲ့သနားစရာလုပ်ပြသည်

"ဘာလဲ မင်းကပါငါ့ကိုငြိုငြင်တာလား"

"အဲ့လိုမဟုတ်ပါဘူး"

ချန်းယောလ်ခုနကဒေါသဖြစ်နေတဲ့စိတ်တွေကသူမျက်ရည်တွေကြားမှာဆောင်းတွင်းကြီးအရည်ပျော်ရပြန်သည်။

"အဲ့လိုမဟုတ်ရင် မတားနဲ့ကွာ"

"မတားလို့ရမလားဘတ်ခ်ဟွန်းရဲ့....မင်းကိုယ်မင်းဘာထင်နေလဲ...သောက်နိုင်တာလဲမဟုတ်ဘဲနဲ့...အတတ်ကောင်းတွေတတ်နေတယ်ပေါ့"

"လူတွေကအမြဲအဲ့လိုပဲ...ငါ့ကိုဆိုငြိုငြင်နေကြတာ"

နှုတ်ခမ်းလေးဆူကာမကျေနပ်တဲ့အကြောင်းတွေဖွင့်ဟလာသည်

"ဘာဖြစ်ခဲ့တာလဲဘတ်ခ်ဟွန်း"

"အယ်ရာ...အယ်ရာကငါ့ကိုလိမ်တယ်"

အယ်ရာဆိုတဲ့အသံကြားတာနဲ့ချန်းယောလ်မျက်ခုံးတွေအလိုလိုတွန့်ချိုးသွားသည်

Setsunai[COMPLETED]Donde viven las historias. Descúbrelo ahora