25

1.9K 245 7
                                    

Unicode

"ဘာစားဦမလဲ..."

"ဟင့်အင်း..."

ကားပေါ်ရောက်ထဲက မျက်လုံးလေးမှိတ်ပြီးအိပ်ဖို့လုပ်နေတဲ့ကလေးကို ချန်းယောလ်ကပဲခါးပတ်ပတ်ပေးရတော့သည်။

အိမ်ရောက်တော့လဲကုတင်ပေါ်တန်းပြီးပြေးတက်တော့တာပဲ

"ဟေ့ အင်္ကျီတော့လဲဦးလေ"

"ဟင့်အင်း..."

"ထဦး ညစာစားပြီးမှအိပ်"

"ဟင့်အင်း..."

"ကိုယ်တစ်ယောက်ထဲစားရမှာလား"

"ဟင့်အင်း"

"နိုးမှတူတူစားမှာလား"

"အင်း..."

စကားနှစ်လုံးပဲပြောနိုင်တော့တဲ့ဘတ်ခ်ဟွန်းကမျက်လုံးတောင်မဖွင့်နိုင်တော့ဘူး

ဘတ်ခ်ဟွန်းကိုစောင်လေးခြုံပေးပြီးတာနဲ့ချန်းယောလ်လဲသူ့ဖုန်းကိုယူပြီးသူ့ဘေးနားမှာဝင်လှဲလိုက်သည် ။ သူ့ဖုန်းရဲ့pwကိုဘတ်ခ်ဟွန်းကိုယ်တိုင်ပြောပြထားတာမို့ချန်းယောလ်သူ့ဖုန်းလေးကိုအလွယ်တကူဖွင့်လိုက်သည်

ဖုန်းWallpaperလေးကို ကျွန်တော်အခုမှသတိထားမိတယ်။ကျွန်တော်နဲ့သူငယ်ချင်းတုန်းက ရိုက်ခဲ့တဲ့ဓာတ်ပုံလေး။သူက အဲ့ဒီတုန်းက ဆေးကျောင်းဒုတိယနှစ်ပဲရှိသေးတာ။

Lineလဲဖွင့်လိုက်ရော ဆေးရုံGp Chatကစာတွေအများကြီးကျတာနဲ့ ချန်းယောလ်ဝင်ကြည့်လိုက်မိတယ်။ဒီကလေးကတော့ gp chatမှာ activeဖြစ်ပုံမရ

>ဒေါက်တာဗြောင်ရဲ့အမျိုးသားဆိုတာကိုမြင်လိုက်တယ်မလား

>အင်း တကယ်ချောတယ်

အော် ကိုယ့်ကိုတစ်ရက်လေးမြင်တာနဲ့ဆေးရုံမှာဘာလို့အဲ့လောက်အုံကြွနေကြတာကို

>ငါကြားဖူးတယ်။ဒေါက်တာဗြောင်ရဲ့အိမ်ထောင်ရေးကအဆင်မပြေဖူးဆိုပြီးတော့လေ

>အဆင်မပြေဘဲ ဟွန်းနီးလို့ခေါ်မလားဟဲ့

>အခေါ်အဝေါ်ကအရေးမှမကြီးတာ။ငါကတော့ ဒေါက်တာဗြောင်ကိုကြည့်လိုက်ရင် အမြဲအထီးကျန်နေသလိုလေး။

Setsunai[COMPLETED]Donde viven las historias. Descúbrelo ahora