Unicode
ချန်းယောလ်ကိုလာကြိုဖို့ပြောပြီးသည်နှင့် ဘတ်ခ်ဟွန်းဆေးရုံထဲဝင်လာမိသည်။အဖေ့ကိုဝင်တွေ့ပြီးပြန်ထွက်လာတဲ့အချိန် ကိုယ့်ရဲ့Dutyဝင်ဖို့သွားလိုက်သည်။
ကိုယ်ကEmergency Caseတွေအတွက်ခွဲစိတ်ဆရာဝန်ကြီးတွေမလာခင်ထိန်းပြီးကုသထားပေးရမယ့်ဝါနုဆရာဝန်ငယ်တစ်ယောက်ဖြစ်သည်။
ထူးဆန်းသည်ကတစ်မနက်လုံးကိုယ့်ဆီကိုEmergency Caseနဲ့လူနာတစ်ယောက်မှရောက်မလာတာပင်ဖြစ်သည်...
"ဘာလဲဟ ငါကုပေးတာကိုမခံချင်လို့လား။အို အထင်သေးလို့ ဆေးကျောင်းမှာအဆင့်1 to 10လတိုင်းဝင်ခဲ့တာပါနော်။စာကျေပါတယ်"
ဌာနမတူပဲနဲ့ကိုယ့်ဆီရောက်လာတဲ့သူငယ်ချင်းခါအီက
"ကဲပါ ဒေါက်တာဗြောင်ရယ်...စကားတွေပြောမနေပဲနေ့လည်စာသွားစားရအောင်"
"မစားသေးဘူး ချန်းယောလ်ထမင်းချိုင့်လာပို့မယ်လို့ကတိပေးထားတယ်"
"ဘယ်တုန်းကလဲ"
"အရင်က"
"မင်းဟာကလဲ လာပါကွာ...မဟုတ်တာတွေမျှော်မနေနဲ့"
ခါအီအတင်းဆွဲခေါ်လာတဲ့နောက်ကိုလိုက်လာခဲ့တော့ ထမင်းစားတဲ့နေရာမှာတွေ့ရတဲ့လူနည်းစု
"ခဏလေး ခါအီ...ငါအိမ်သာသွားမလို့"
"မြန်မြန်ပြန်လာခဲ့"
ခါအီကိုအိမ်သာလို့ပြောခဲ့ပြီးတကယ်တော့ ချန်းယောလ်ဆီကိုဖုန်းခေါ်လိုက်သည်
"ဟယ်လို...."
"ပြော..."
"ငါ့ကိုထမင်းလာမကျွေးဘူးပေါ့"
"ဘာကိစ္စမင်းကိုငါကဂရုတစိုက်အဲ့လိုတွေလုပ်ရမှာလဲ"
"မင်းကလဲ အဲ့လိုမလုပ်ပါနဲ့ ငါကမင်းကိုမျှော်နေတာကို"
"မျှော်မနေနဲ့ ငါမလာဘူး"
"ဘာလို့လဲ မင်းကလဲ"
"ဘတ်ခ်ဟွန်း မင်းဆေးရုံမှာကုစရာလူနာမရှိဘူးလား ဟုတ်လား"
"ဟုတ်တယ်...ဒီနေ့Emergencyမှာလူနာမရှိဘူး"
"နားညီးလိုက်တာကွာ ငါအိပ်နေတယ် မနှောင့်ယှက်နဲ့ဒါပဲ"
YOU ARE READING
Setsunai[COMPLETED]
Fanfiction•One of the greatest pain and agony is being in one sided love with someone....• [M-Preg]