12

1.3K 232 10
                                    

Unicode

အတတ်နိုင်ဆုံးထိန်းချုပ်လိုက်တဲ့ခံစားချက်တွေ၊သူ့အကြောင်းမတွေးတော့ဘူးဆုံးဖြတ်လိုက်ပြီးနောက်မှ ညတာတွေပိုရှည်ခဲ့သည်။ခါအီအနားမှာရှိနေပေမဲ့သူလဲ ကျွန်တော့်ကိုသနားရုံကလွဲပြီးမတတ်နိုင်

"ဖြေးဖြေးသောက်ပါကွာ...ဆိုဂျူးကိုရေသောက်သလိုသောက်လိုက်လို့မဖြစ်ဘူးလေ...."

"ခါအီ ဘတ်ခ်ဟွန်းက ...သူကကွာ....လုပ်ရက်တယ်"

ချန်းယောလ်ငိုသံကြီးနဲ့ပြောတော့ခါအီက ကျောကိုဖွဖွလေးပုတ်ပေးပြီးနှစ်သိမ့်လာသည်။

"ငါနားလည်ပါတယ်ကွာ ဒါပေမဲ့ အများကြီးမသောက်နဲ့နော် မင်းကျန်းမာရေးထိခိုက်...."

"ဘာမှလာမပြောနဲ မင်းလည်းငါ့ကိုနားမလည်ပါဘူး။မင်းမှာ ချစ်ရမယ့်သူမှမရှိတာ။ငါ့ဝေဒနာကိုအပြည့်အဝနားမလည်နိုင်ပါဘူး"

"......"

"ငါ ငါ့ကိုဘာလို့မချစ်တာလဲ။ငါကဘာဖြစ်နေလို့လဲ။ငါက ငါက..."

မျက်ရည်တွေကျနေတဲ့သူငယ်ချင်းဖြစ်သူကိုဘယ်လိုနှစ်သိမ့်ရမလဲ ကျွန်တော်မသိတော့။ကျွန်တော်သေသေချာချာသိတာတစ်ခုတော့ရှိသည် ချန်းယောလ်ကဘတ်ခ်ဟွန်းကိုအတော်လေးချစ်သည်။ ရင်နှင့်အမျှချစ်ရှာပါသည် သို့သော်ငြားလည်း....ကျွန်​တော်သူငယ်ချင်းကကံမကောင်းအကြောင်းမလှရှာပါဘူး

"အေးပါကွာ ဟုတ်ပါပြီ။ ခုတော့အိမ်ပြန်ရအောင်
....နော် လာပါကွာ...မနက်ကျရင် မင်းအလုပ်ကအင်တာဗျူးရှိတယ်လေ နော်..."

ပိုက်ဆံရှင်းပြီးတာနဲ့ လမ်းဘေးဆိုဂျူးဆိုင်လေးထဲကနေ ချန်းယောလ်နဲ့ခါအီထွက်လာခဲ့သည်။ချန်းယောလ်ခန္ဓာကိုယ်ကိုကားပေါ်ထိရောက်အောင်ဆွဲတင်ရတာလဲမလွယ်လွန်းလှဘူး။ချန်းယောလ်ကိုဒီညအိမ်ကိုခေါ်သွားဖို့သာဆုံးဖြတ်လိုက်သည်။ညသန်းခေါင်ကျမှ သူ့အိမ်မှာတစ်ယောက်တည်းအန်ဖက်ဆို့သေနေမှာလဲစိုးရသေးသည်။ သူငယ်ချင်းလေးတစ်ယောက်ရှိပါရဲ့ အကျိုးကိုမပေးဘူး။

Setsunai[COMPLETED]Onde histórias criam vida. Descubra agora