Extra *1*

1.5K 185 4
                                    

Unicode

ရင်ခွင်ထဲက အင်္ကျီဗလာကျင်းနဲ့အသဲက ဗြောင်ဟိုလေးအသက်ခြောက်နှစ်ထိချန်းယောလ်ရဲ့အချစ်ဆုံးလူသားတစ်ဦးဖြစ်ဆဲပင်...

ဆံနွယ်တွေကိုဖွဖွနမ်းရှံ့ရင်း ရင်ခွင်ထဲပိုလို့ဆွဲသွင်းတော့ တအင့်အင့်နဲ့ဖြစ်သွားပေမယ့်ဘတ်ခ်ဟွန်းကနိုးမလာခဲ့

ချည်သားလိုက်ကာမီးခိုးရောင်တက်ထားတဲ့ဒီအခန်းထဲ မိုးလင်းမိုးချုပ်သိရခဲသည်။အခုလဲ ကုတင်ဘေးက နာရီလေးက ခြောက်နာရီခွဲဆိုတဲ့အချိန်ကိုညွှန်ပြနေ၍သာ မနက်ရောက်နေပြီမှန်းချန်းယောလ်သိသည်။

ချန်းယောလ်မနေ့ကမနက်ကမှ ဂျပန်ကနေ အလုပ်ကိစ္စနဲ့ပြန်လာခဲ့တောသတိရတာကိုဘတ်ခ်ဟွန်းဆီအတိုးရောအရင်းပါတောင်းခဲ့ပါသည်။

ဘတ်ခ်ဟွန်းကဆေးရုံးမှာဆရာဝန်မဟုတ်တော့ဘဲ ဆေးကျောင်းမှာစာပြန်သင်ရတဲ့ ဆရာလေးတစ်ယောက်ဖြစ်နေပြီဖြစ်သည်။

ခါးပေါ်ကိုတင်ထားတဲ့လက်သွယ်သွယ်က ရုတ်တရက်လှုပ်လာပြီး ရင်ခွင်ထဲကအသဲက ခေါင်းလေးထောင်ကာ ချန်းယောလ်ကိုမျက်လုံးလေးမပွင့်တပွင့်နဲ့ကြည့်လာသည်။

"အစောကြီးရှိသေးတယ် ပြန်အိပ်ဦးလေ"

"ဟင့်အင်း...ချန်းနိုးနေတာကြာပြီလား"

"ဟင့်အင်း အသဲနိုးမှနိုးလာတာ"

"အဟင့်...ချန်းကိုအများကြီးသတိရနေတာ"

ပါးပြင်ကို လက်နုနုတို့ဖြင့်ပွတ်သက်ရင်းပြောတော့ ချန်းယောလ်အဲ့ဒီလက်ကလေးပေါ်ကိုထပ်အုပ်လိုက်ရင်း

"အဆိုးလေးကကွာ ချွဲနေပြန်ပြီ။သားပဲအသက်ကြီးနေပြီ။အသဲကဆိုးတုန်းပဲ"

"ပြောပြီးသားနော် ဟွန်းက သားနဲ့တူတူဆိုးမှာ။ ငြိုငြင်လို့ကတော့ မုန်းပစ်မှာ ဟွန့်"

"အော် အချစ်ရယ်....ကိုယ်က မင်းကိုဘယ်လောက်ချစ်သလဲဆိုတာ ပြောပြရဦးမှာလား ဟင်"

မေးဖျားလေးကိုခါပြီးပြောတော့ ဘတ်ခ်ဟွန်းက ပြုံးသည်။

"ချန်း...ကျောင်းချိန်ပြီးရင်လာကြိုနော်။သားကိုကျောင်းတူတူသွားကြိုကြမယ်"

Setsunai[COMPLETED]Wo Geschichten leben. Entdecke jetzt