39

1.5K 191 24
                                    

Unicode

"ဗြောင်ဟိုရား...ဗြောင်ဟို"

မနက်စာကျွေးပြီးထဲကပျောက်သွားတဲ့သားလေးကိုချန်းယောလ်လိုက်ရှာရသေးသည်။နောက်ဆုံးတော့တွေ့ပါပြီ အရင်ကဘတ်ခ်ဟွန်းစာဖတ်ဖို့ဝယ်ပေးထားတဲ့ဝရန်တာကခုံလေးပေါ်မှာ

"ဘာလုပ်နေတာလဲ သား"

ချန်းယောလ်သူ့ရဲ့သုံးနှစ်အရွယ်သားလေးကိုချီလိုက်တော့ သားကချန်းယောလ်ဆီမလိုက်ချင်ပဲကိုပါလာသည်

"ရေချိူးမယ်နော် သားသား။ဆော့ထားတာတစ်ကိုယ်လုံးနံစော်နေပြီ"

"အင့်..."

ချန်းယောလ်ချီထားရာကနေ ကော့ထိုးပြီးဆင်းနေတဲ့သားကို ချန်းယောလ်အောက်ကိုချပေးလိုက်တော့ ပြေးပြီးတစ်ခန်းလုံးအနှံလျှောက်သွားနေသည်

ချန်းယောလ်နဲ့သား ဘတ်ခ်ဟွန်းအမေတို့အိမ်မှာမနေပဲ ချန်းယောလ်ကိုယ်ပိုင်အိမ်လေးကိုပြန်ပြောင်းလာခဲ့ကြသည်။ သားလေးကတော့သူတို့မြေးဆိုပေမယ့် ကျွန်တော်ကသူစိမ်းလေ ။ ကျွန်တော်လဲဘတ်ခ်ဟွန်းမရှိတဲ့နောက်ပိုင်း သားကိုခေါ်ပြီးအိမ်ကိုပြန်လာနေလိုက်သည်။

"လာပါ သားရယ် ဖေကြီးနဲ့တူတူရေချိုးမယ်လေ.."

Ringgg

"ဟယ်လို..."

"......"

"အေးပါအမှီလာပါ့မယ်ကွ။ဒီမှာငါသားကိုရေချိုးပေးမလို့ကိုသားကပတ်ပြေးနေလို့"

"....."

"အေးပါ ငါသေချာပေါက်လာမယ်"

ခါအီနဲ့နေ့လည်စာစားမယ်​ဆိုပြီး ပျက်ရက်တွေများနေလို့ခါအီက ခဏခဏ ကတိတွေရအောင်တောင်းပြီး ဒီနေ့ကိုချိန်းလိုက်သည်။

ဖုန်းပြောနေတဲ့အချိန်အတွင်း အသံတိတ်သွားတဲ့သားကိုလှည့်ကြည့်လိုက်တော့

သားက နံရံမှာ​​နေရာယူထားတဲ့ဓာတ်ပုံလေးထဲက ဂျူတီကုတ်အဖြူလေးနဲ့ဘတ်ခ်ဟွန်းကိုသေသေချာချာငေးကြည့်နေသည်။ သူ့အဖေရဲ့မျက်လုံးလေးတွေကိုအမွေရထားတဲ့သားက ကျွန်တော်နဲ့လဲတူပါသည်။သားက ဘတ်ခ်ဟွန်းကိုလွမ်းနေရှာမှာ။

Setsunai[COMPLETED]Dove le storie prendono vita. Scoprilo ora