5

1.4K 247 11
                                    

Unicode

စာမေးပွဲရက်တွေအတွင်း ခေါက်ဆွဲပြုတ်နဲ့နှစ်ပါးသွားနေခဲ့တာ။စာမေးပွဲပြီးသွားတော့လဲ အိမ်အသစ်ပြောင်းတဲ့အလုပ်နဲ့တင်လူကပင်ပန်းနေသည်။Final yearပြီးပြီဆိုတဲ့အသိကတကယ်ကိုစိတ်ပျိုကိုယ်နုဖြစ်စေသည်။စာလဲကျက်စရာမလိုတော့ဘူး။ဒီနေ့တော့ ညစာမချက်ချင်တာမို့အပြင်မှာပဲစားမယ်လို့စဥ်းစားထားသည်။ချန်းယောလ်တက္ကသိုလ်စတက်ကတည်းကစုထားတဲ့ပိုက်ဆံတွေရော အဒေါ်အမွေထားခဲ့တဲ့ပိုက်ဆံနည်းနည်းကျန်တာရောက လိုတာထက်တောင်ပိုနေခဲ့သည်။ကားတစ်စီးဝယ်ပြီးတာတောင် အရင်အိမ်ထက်ပိုကောင်းတဲ့အိမ်လေးတစ်လုံးလဲရလိုက်သည်။အိမ်​အဟောင်းနားကအိမ်နီးချင်းဦးလေးကြီးအတင်းရောင်းလို့ အခုဆို ဟိုနားဒီနားသွားဖို့ စကူဘီအသစ်လေးလဲရှိသည်။

ချန်းယောလ်ပြောင်းလာတာနှစ်ရက်လောက်ပစ္စည်းတွေနေရာချနေရသည်နှင့်ကုတင်နဲ့စားပွဲအ​ပြင်မရှိတဲ့အိပ်ခန်းကိုခုမှအခြားပစ္စည်း​တွေထည့်ရသည်။

"ဟူး..... ပြီးပြီ"

ကုတင်ပေါ်ခြေပစ်လက်ပစ်လှဲချလိုက်တော့ တစ်ခုခုလိုနေတဲ့ခံစားချက်...အော်...Dream Catcher လေးမချိတ်ရသေးဘူးပဲ

ချန်းယောလ်အိတ်ထဲမှာထည့်ထားတဲ့Dream Catcher လေးကိုထုတ်လိုက်သည်။ဒါပေမဲ့ ဒီအိမ်အသစ်ကမျက်နှာကြက်မှာချိတ်စရာနေရာမရှိ။ကုတင်ဘေးကနာရံမှာ သံရိုက်ထားတာလေးရှိတာမို့ အဲ့ဒီမှာပဲ ချိတ်လိုက်တော့သည်။

"ပြည့်စုံသွားပြီ...အော် တစ်ခုကျန်သေးတယ်"

အောက်ထပ်ကနေ ဟိုနေ့ကဘတ်ခ်ဟွန်းဝယ်ပေးတဲ့ပန်းအိုးလေးကိုအပြေးအလွှားသွားယူလိုက်သည်။အခန်းရဲ့ပြတင်းပေါက်နားမှာထားလိုက်တော့ ရူးလောက်အောင်လှလွန်းသည်။ကြယ်တွေကိုလှမ်းမြင်နေရတဲ့ မှန်ပြတင်းနားလေးကPansyပန်းအိုးလေးတစ်လုံးကညဘက်အလှနဲ့သိပ်လိုက်ဖက်သည်။နေခင်းဘက်ဆို နေရောင်နည်းနည်းနဲ့လှလှလေးပွင့်နေမယ့်Pansyတွေ....ဒါတွေက မင်းနဲ့ပတ်သက်လို့ပိုလှနေတာဖြစ်ရမည်။

ညစာစားဖို့အချိန်ရောက်နေပြီမို့ ရေချိုးပြီးညစာစားဖို့ဆိုင်ကိုသွားရတော့မည်။ချန်းယောလ်ရေချိုးခန်းထဲကိုဝင်သွားရင်းရေထဲမှာကြာကြာစိမ်လိုက်မိသည်။ပင်ပန်းနေတာကြောင့်လားမသိ...ချန်းယောလ်ရေထဲကနေတောင်မထလာချင်တော့။

Setsunai[COMPLETED]Tempat cerita menjadi hidup. Temukan sekarang