7

1.3K 240 8
                                    

Unicode

ချန်းယောလ်စိတ်ပြေလက်ပျောက်နှစ်ရက်လို့ပြောပြီးမြို့ပြင်ကကျောင်းမှာနှစ်ပတ်တိတိကြာသွားခဲ့သည်။မာသာကြီးကိုနှုတ်ဆက်ပြီးကားနားရောက်လာတော့ ကားနားမှာထိုင်စောင့်နေတဲ့ဝီလီလေးကိုတွေ့သည်

"ဝီလီလေး...."

"ကိုကိုချန်း ​ပြန်တော့မလို့လား"

"အွန်း ကိုကိုချန်းအလုပ်ရှိသေးတယ် ဝီလီလေးရဲ့"

"အင်းပါ...နောက်နှစ်ကျရင်လဲလာရမယ်နော် ကိုကိုချန်း"

"ဟုတ်ပါပြီဗျာ.... ကိုကိုချန်းက နောက်နှစ်လာတဲ့အခါ ဝီလီလေးအတွက်အနွေးထည်လှလှလေးဝယ်ခဲ့မယ်နော်"

"ဟုတ်"

ပိုးစားနေတဲ့သွားသေးသေးလေးတွေနဲ့ဝီလီကပြုံးပြသည်။

ချန်းယောလ်ဆိုးလ်ကိုပြန်သွားတဲ့အချိန်ကညနေလေးနာရီ။ကားလမ်းပိတ်​တာတွေဘာတွေနဲ့ ညနေခြောက်နာရီခွဲလောက်မှ အိမ်ကိုရောက်သည်။

ဖုန်းအားသွင်းကြိုးပျက်သွားလို့အားမသွင်းဖြစ်ရာကနေ စက်ပိတ်သွားတဲ့ဖုန်းလေးကိုအိမ်ရောက်မှနောက်အားသွင်း​ကြိုးအသစ်နဲ့သွင်းရသည်။

ချန်းယောလ်ရေချိုးပြီးဖုန်းလေးကိုစက်ပြန်ဖွင့်လိုက်သည်။အဝတ်လဲနေရင်းကျနေတဲ့Notiသံတွေကတိတ်ဆိတ်နေတဲ့အခန်းလေးအတွက်တော့ ဆူညံ့တယ်ထင်ရသည်။

Bearဆိုတဲ့Contanct nameနဲ့ခါအီရဲ့miss calledတွေအများကြီးရယ်....Hyunneဆိုတဲ့နာမည်နဲ့Miss calledလေးတစ်ခုရယ်။လွန်ခဲ့တဲ့လေးရက်လောက်ကခေါ်ခဲ့တာဖြစ်ပြီး နောက်ထပ်ခေါ်ဆိုထားခြင်းမရှိတဲ့Miss calledလေးတစ်ခု...အဲ့တာအပြင်
***ချန်းယောလ် မင်းခရီးသွားတယ်လို့ခါအီပြောတယ်။ပြန်ရောက်ရင်ငါ့ကိုပြော...ငါတို့တွေ့ရအောင်***ဆိုတဲ့messageလေး

စာကိုမြင်တာနဲ့ချန်းယောလ်ဖုန်းခေါ်လိုက်သည်။

"ဟယ်လို...."

---------

ဘတ်ခ်ဟွန်းချိန်းတဲ့​ကော်ဖီဆိုင်ကိုချန်း​ယာလ်​ရောက်လာသည်။ဟိုဟိုဒီဒီမျက်စိကစားလိုက်တော့ စာအုပ်ဖတ်ရင်းထိုင်နေတဲ့ဘတ်ခ်ဟွန်းကိုတွေ့သည်။သိုးမွှေးအနွေးထည်နက်ပြာလေးရယ်အနက်ရောင်စတိုင်ပန့်လေးရယ်တွဲဖက်ဝတ်ဆင်ထားတဲ့သူ... ရွှေရောင်မျက်မှန်ကိုင်းလေးရယ်၊ကြည်လင်နေတဲ့မှန်ချပ်တွေကနေတစ်ဆင့်မြင်နေရတဲ့မျက်လုံးလှလှလေးရယ်၊အနက်ရောင် မျက်တောင်စိပ်စိပ်လေးတွေရယ်၊စာရွက်လှန်လိုက်တဲ့လက်ချောင်းသွယ်သွယ်လေး​ရယ်...သူနဲ့ပတ်သက်သမျှကချန်းယောလ်အတွက်တော့မြတ်နိုးရာ

Setsunai[COMPLETED]Tempat cerita menjadi hidup. Temukan sekarang