4

1.4K 254 1
                                    

Unicode

ရက်သတ္တပတ်တွေကုန်လွန်သွားလို့တစ်လကျော်တဲ့အထိ ကျွန်တော်နဲ့သူမတွေ့ဖြစ်ကြတော့ပါဘူး။ကျွန်တော်ဘက်ကသာ သေမတတ်လွမ်းနေတဲ့အချိန်တွေရှိပေမဲ့ သူဘက်ကတော့ မရှိလောက်ဘူးထင်တယ်။ခါအီကအပြင်သွားဖို့လာခေါ်ရင်လဲငြင်းတတ်သလို၊အရေးမကြီးတဲ့အတန်းချိန်တွေကျွန်တော်မသွားတော့တာများသည်။အပြင်လူ​နဲ့စကားတွေပြောရင်းလွမ်းနေ​တဲ့စိတ်ကိုဖြေဖျောက်မဲ့အစား ကုတင်ပေါ်မှာလှဲပြီးမျက်နှာကျက်ကDream Catcher လေးကိုငေးရင်းသူ့အကြောင်းတွေတွေးနေတတ်တယ်။မိုးရေစိုပြီးပျက်သွားတဲ့ဖုန်းလေးကိုလဲပြင်ဖို့စိတ်ကူးမရှိဘူး

တစ်လဆိုတဲ့အချိန်အတိုင်းအတာလေးမှာ ကိုယ့်ဘက်က အကြိမ်အရေအတွက်အများကြီးလွမ်းခဲ့တယ်။ မင်းဘက်က တစ်ခါလောက်ပဲသတိရရုံနဲ့ ကိုယ်သေပျော်ပါပြီ။

အကြောင်းပြချက်မဲ့တဲ့ခံစားချက်တွေ ရင်ထဲမှာအများကြီးရှိတယ်။ စာမေးပွဲနီးနေလဲ စာတွေညဥ့်နက်ထိမကျက်ဖြစ်ခဲ့ပါဘူး။ သူ့ကိုစာကူကျက်ပေးသလောက်သာ ကိုယ်စာကျက်ခဲ့မယ်ဆိုရင် သေချာပေါက် မဟာတန်းတက်ခွင့်ရမယ်ထင်တယ်။

"ပတ်ချန်း...ယောလ်.....!!!"

ကိုယ်တစ်ယောက်တည်းရှိတဲ့အိမ်မှာ ဘယ်သူကများအိမ်ရှေ့လာအော်နေသည်လဲ။ အကြွေးရှင်လား...မဖြစ်နိုင်တာ လူသာမချမ်းသာတာ အကြွေးတော့မယူဖူးပါဘူး။

နေဦး ဒီအသံက...

"ရား....ပတ်ချန်းယောလ်...!!!"

ပြတင်းပေါက်ကအလျင်အမြန်သွားကြည့်တော့ ခြံဝန်းထဲထိရောက်နေပြီဖြစ်သော ခါအီနှင့် ဘတ်ခ်ဟွန်း

အောက်ထပ်ကိုအမြန်ပြေးဆင်းပြီးတော့ တံခါးဖွင့်လိုက်တော့ တံခါးရှေ့မှာ ရပ်နေတဲ့နှစ်ယောက်

"ဟီး...ဟီး..."

ခါအီက သွားတွေအကုန်ပေါ်အောင်ဖြဲပြနေသေးတယ်။ကိုယ်ကတော့ သွားဖြဲပြနေတဲ့သူ့ကိုမကြည့်အား...တစ်လအတွင်းနည်းနည်းပိန်ပြီးမျက်ကွင်းတွေညိုသွာတဲ့ချစ်ရသူ​ကြောင့်ရင်ဝကိုဆောင့်ကန်ခံလိုက်ရသလို

"ကိုယ့်သူငယ်ချင်းတွေအိမ်လာတာကို ဘာလဲ မင်းကမကြိုက်ဖူးလား..."

Setsunai[COMPLETED]Tempat cerita menjadi hidup. Temukan sekarang